ကာတာအိုးပင်းမှာ တတိယအဆင့်ကိုတက်ရောက်ခဲ့တဲ့ ကမ္ဘာ့အဆင့် (၁) ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်


ဖေဆဖာ်ဝါရီ ၁၄

ကမ္ဘာ့အဆင့် (၁) ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် ဟာ ကာတာအိုးပင်း ဒုတိယအဆင့်မှာ နိုင်ပွဲရခဲ့ပြီး တတိယအဆင့်ကို တက်ရောက်ခဲ့ပါတယ်။ ကာတာအိုးပင်းချန်ပီယံဆုကို ၂ ကြိမ်ရယူထားခဲ့ဖူးတဲ့ ဆွီယာတက်ခ်ဟာ ဒုတိယ အဆင့်မှာ အသက် ၃၃ နှစ်အရွယ် ရိုမေးနီးယားတင်းနစ်မယ် ဆီယာစတီယာ နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ကာတာအိုးပင်းရဲ့ လက်ရှိချန်ပီယံဖြစ်သလို ကမ္ဘာ့အဆင် (၁) ဖြစ်တဲ့ ဆွီယာတက်ခ် ဟာ ဆီယာစတီယာကို အကောင်းဆုံးဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၁ နာရီနဲ့ ၁၀ မိနစ်သာ ကြာမြင့် ခဲ့ပြီး (၆ : ၁၊ ၆ : ၁) ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး တတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆွီယာတက်ခ်အနေနဲ့ အခုတစ်ပတ်မှာ ကမ္ဘာ့အဆင့်(၁) နေရာကို ဆက်လက်ထိန်းထားနိုင်ခဲ့တဲ့အတွက် ကစားသမားဘဝ အဆင့်(၁) နေရာကို ရက်သတ္တပတ် ၉၀ ပြည့်တဲ့အထိ ထိန်းထားနိုင်တာဖြစ်ပြီး တင်းနစ်သမိုင်းမှာ အခုလိုစွမ်းဆောင်နိုင်ခဲ့တာဆိုလို ဆွီယာတက်ခ်အပါအဝင် တင်းနစ်မယ် ၁၀ ဦးသာ ရှိခဲ့သေးတာ ဖြစ်ပါတယ်။