ဝေါမြိူ့နယ်တွင် ပြည်ခိုင်ဖြိုးပါတီရပ်/ကျေး ဥက္ကဋ္ဌတစ်ဦးအား အကြမ်းဖက်သမားများမှ နေအိမ်အတွင်းဝင်ရောက်၍ လုပ်ကြံ သတ်ဖြတ်

ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ၏ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌဖြစ်သူအား အကြမ်းဖက်သမားများမှ နေအိမ်အတွင်းသို့ဝင်ရောက်၍ ပစ်ခတ်လုပ်ကြံခဲ့သဖြင့်သေဆုံးခဲ့ရကြောင်းသိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ (၁၅)ရက် ၊ ည ၈း၅၀ ချိန်ခန့်တွင်ဝေါမြို့နယ်၊ အုတ်ဖို (၃)ကျေးရွာတွင်နေထိုင်သော ပြည်ခိုင်ဖြိုးပါတီ၏ ကျေးရွာအုပ်စုဥက္ကဋ္ဌ ဦးခင်စို ၆၃ နှစ်၊(ဘ)ဦးတင်ခိုင်၏နေအိမ်သို့ စစ်တောင်းမြစ် လက်တက်ချောင်းရိုးအတိုင်းစက်လှေအသေးဖြင့် PDF+KNU ပူးပေါင်းအကြမ်းဖက်အဖွဲ့ ၅ ဦးခန့်အား ခေါင်းဆောင်(စိစစ်ဆဲ)အဖွဲ့မှ လာရောက်၍ နေအိမ်အနီးအရောက်တွင် စက်လှေအားစက်သပ်ပြီး လှော်တက်ဖြင့်လှော်ခတ်၍ချည်းကပ်ကာ လက်နက်(စိစစ်ဆဲ)ဖြင့်ပစ်ခတ်ပြီး စစ်တောင်းမြစ်အားဖြတ်၍ ကျိုက်ထိုမြို့နယ်၊ မုက္ခမော့ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွါသွားကြောင်း၊ ဦးခင်စိုးမှာနေရာတွင်သေဆုံးသွားပြီး ဦးခင်စိုး၏ နေအိမ်ရှေ့ခုံတန်းလျားတွင် ပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်သည့် မြင့်ဝင်း(ခ)ငပွေးနှင့် ကျော်မင်းတို့သည် ၁၂ ဗို့ပြောင်းချောသေနတ်များဖြင့်လည်းကောင်း၊ ဇော်လတ်မှာလက်နက်မဲ့ဖြင့်လည်းကောင်း၊ ကင်းစောင့်နေစဥ် ရန်သူမှအနားသို့လျှို့ဝှက်ချည်းကပ်ကာ ၎င်းတို့သုံးဦးအား ထိန်းချုပ်၍နေအိမ်ပေါ်သို့တက်ရောက်ကာ ဦးခင်စိုးအားပစ်သတ်ပြီးထိန်းချုပ်ထားသော ပြည်သူ့စစ်သုံးဦးနှင့် ၁၂ ဗို့သေနတ် ၂ လက်တို့အား လက်နက်များနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ အကြမ်းဖက်ဖွဲ့များမှာ သေနတ်အရှည် ၄လက်၊ အတိုတစ်လက်တို့ ပါရှိကြောင်းသိရသည်။

#PAN