တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ်(၂၄၅) နှင့် (၂၄၆)တို့ ဖောက်ခွဲဖျက် ဆီးခံခဲ့ရခြင်းကြောင့် ဓာတ်အားပို့လွှတ်မှုလျော့ နည်းစဥ် ယာယီဝန်အားလျော့ချရခြင်းကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးပန်ကြား

ဇူလိုင် ၂၇

       နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ် အားပို့လွှတ်ပေးထားသော 230kV တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ်(၂၄၅) နှင့် (၂၄၆)တို့ ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းအား လျှပ်စစ်ဝန်ထမ်းများမှ အချိန်နှင့်တပြေးညီ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။

       ဓာတ်အားစနစ်သို့ ဓာတ်အားပို့လွှတ်နိုင်မှု လျော့နည်းနေစဉ်အချိန်အတွင်း ဝန်အားထိန်းညှိ၍ ဓာတ်အားဖြန့်ဖြူးပေးနေရခြင်းများကြောင့် အချို့နေရာများတွင် ယာယီဝန်အားလျော့ချရခြင်းများ အပေါ် နားလည်ခွင့်လွှတ်ပေးနိုင်ပါရန် မိဘပြည်သူများထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်ပါကြောင်း  ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက မိဘပြည်သူများထံ အသိပေးပန်ကြားထားကြောင်း သတင်းရရှိပါသည်။

#PAN