“ရုရှားပြည်ထဲရေးဝန်ပြီးဌာနက ရုရှား သမ္မတ အား စစ်ရာဇဝတ်မှုဆိုင်ရာ များအတွက် ဖမ်းဝရမ်းထုတ်ထားသည့် ICC နိုင်ငံတကာ ရာဇဝတ်တရားရုံး မှ တရားသူကြီးဖြစ်သူကို အလိုရှိကြောင်း တရားဝင်ထုတ်ပြန် ကြေညာခဲ့”

ဇူလိုင် ၂၇

ရုရှားနိုင်ငံ၏ သမ္မတ ဗလာဒီမာပူတင်အား စစ်ရာဇ၀တ်မှုများအတွက် ဖမ်းဝရမ်းထုတ်ပြီး လအကြာတွင် နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ၏ တရားသူကြီး Tomoko Akane ကို ရုရှားပြည်ထဲရေးဝန်ကြီးဌာနက အလိုရှိစာရင်း တွင် ထည့်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာကနေ ယနေ့ ဇူလိုင် ၂၇ရက်နေ့ ကြာသပတေးနေ့တွင် ဖော်ပြပြော ဆိုထားပါတယ်။

ရုရှားပြည်ထဲရေး ဝန်ကြီးဌာန၏ အဆိုပါ ထုတ်ပြန်ချက်တွင် Akane ၏ ကိုယ်ရေး ကိုယ်တာ အချက်အလက်များကို စာရင်း ပြုစုထားပြီးဖြစ်တယ်လို့ ရုရှား အစိုးရပိုင် TASS သတင်းဌာနကလည်း ဖော်ပြထား သော်လည်း ICC တရားသူကြီးကို မည်သည့် ရာဇ၀တ်မှုဖြင့် စွပ်စွဲထားသည်ကို တော့ ဖော်ပြထားခြင်း မရှိပါဘူး။

ရုရှားပြည်ထဲရေး ဝန်ကြီးဌာနက သမ္မတ ပူတင်ကို ဖမ်းဝရမ်းထုတ်ထားတဲ့ ICC တရားသူကြီး Tomoko Akane ကို အလိုရှိစာရင်းမှာ ထည့်သွင်းထား လိုက်ပြီလည်း ဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် စုံစမ်းစစ်ဆေးရေးမှူး Maria Lvova-Belova အား ဖမ်းဝရမ်း ထုတ်ထားသော နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ၏ တရားသူကြီး Tomoko Akane အား ရာဇ၀တ်မှုဆိုင်ရာ ဆောင်းပါးဖြင့် ရုရှားနိုင်ငံက အလိုရှိကြောင်း ရုရှားပြည်တွင်း ရေးရာဝန်ကြီးဌာန၏ ရှာဖွေမှုဒေတာဘေ့စ်မှ RBC က လည်း ယနေ့ ရေးသားထား ပါသေးတယ်။

“Tomoko Akane ဂျပန်လူမျိုး ပါ သူ့ကို ရုရှားရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မအောက်မှာ အလိုရှိနေပါတယ်” လို့ ရုရှားပြည်ထဲရေး ဝန်ကြီးဌာန website တွင် ယနေ့ ဖော်ပြပြောဆို လိုက်တာ လည်းဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။