(မှုခင်း)အောက်တိုဘာ ၂၂
ရန်ကုန်- မန္တလေးအမြန်လမ်းတွင် ယာဥ်မောင်းအိပ်ငိုက်ရာမှ တနေ့တည်း ယာဥ်မတော်တဆမှု ၂ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့နံနက်အစောပိုင်းချိန်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၉၆/၃ နှင့် ၉၆/၄ကြား (ရန်ကုန် မှ နေပြည်တော်) (အသွားလမ်း) တွင် ယာဉ်မောင်းပါအမျိုးသား(၇)ဦး၊ အမျိုးသမီး (၂)ဦး၊ ပေါင်း (၉)ဦး လိုက်ပါလာသည့်TOYOTA HILUX အမျိုးအစား အနက်ရောင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင် အရောက်တွင်ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းရှိ ခရေပင်အားဝင်ရောက်တိုက်မိကာ ကန့်လန့် ဖြတ်တိမ်းမှောက်ခဲ့သည်။
အဆိုပါယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူ (၄)ဦးမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပြီး လမ်းလယ်အရိပ်ရအပင်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ ညနေ၅နာရီခွဲအချိန်ခန့် ကရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၈၅/၇ နှင့် ၁၈၆/၀ကြား (ရန်ကုန် မှ နေပြည်တော်သို့) (အသွားလမ်း)တွင် ယာဉ်မောင်းအမျိုးသား၁ဦး တည်းမောင်းနှင်လာသည့် Toyota IPSUM အဖြူရောင်အငှားယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းရှိ ပန်းအလှစွယ်တော်ပင်အားဝင်တိုက်ခဲ့မိသည်။
အဆိုပါ ယာဥ်မတော်တဆကြောင့် ယာဉ်ပေါ်ပါသူမှာ ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်းစွယ်တော်ပင်အချို့ပျက်စီးခဲ့သည်။

Telegram – t.me/positiveanglenews
#PAN