ကျောက်တံခါးမြို့နယ်၊ လက်ပံကုန်းကျေးရွာရှိ ဘုန်ကြီးကျောင်းပေါ်သို့ လူသတ်အကြမ်းဖက်သောင်းကျန်းသူ KNUနှင့် PDFပူးပေါင်းအဖွဲ့က DropBomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့

ဇွန် ၈

ယနေ့ နံနက် ၀၀:၃၀ နာရီ အချိန်ခန့်တွင် ပဲခူး တိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အနန်းဘော်ကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာရှိ “ဓမ္မာရုံရိပ်သာကျောင်းတိုက်”အား လူသတ်အကြမ်းဖက် PDFပူးပေါင်း KNU များမှ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ဗုဒ္ဓဆင်းတုတော်များ၊ သာသနိကအဆောက်အအုံများ၊ ပျက်ဆီးခဲ့ရပြီး ကျောင်းထိုင် ဆရာတော် ဦးဝိဇယမှာ ခြေထောက်တွင်ပြင်းဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN