တာချီလိတ်မြို့တွင် ဆိုင်ကယ်ပြင်ဆိုင် မီးလောင်မှုဖြစ်ပြီး အနီးရှိ KTV သို့ မီးကူးစက်လောင်ကျွမ်းခဲ့

ဇွန် ၈

     ယမန်နေ့ ည ၁၁ နာရီအချိန်ခန့်က ရှမ်းပြည် နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်အတွင်း မြို့နယ်ဓမ္မာရုံအနောက်ဘက်ရှိ ဆိုင်ကယ်ပြင်ဆိုင်နှင့်အရောင်းဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနီးရှိ KTV သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ကယ်ဆိုင်မှ ဆိုင်ကယ် ၂ စီး မီးလောင်ဆုံးရှုံးသွားကြောင်း၊မီးလောင်မှု ဖြစ်ပွားချိန်တွင် အနီးဝန်းကျင်နေပြည်
သူများက ရှေးဦးစွာ မီးငြှိမ်းသတ်ခဲ့ကြပြီး၊ ၎င်းနောက် တာချီလိတ်ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရောက်ရှိလာကာ စုပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း၊မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တာ၀န်ရှိသူများက အမှုဖွင့် စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN