ဘီးလင်းမြို့နယ်​၊ သဲဖြူ​ချောင်း​ကျေးရွာ၊ သံတံတားဂိတ်​တွင်​ တပ်မတော်လုံခြုံ​ရေး​အဖွဲ့ကို KNU နှင့်​ PDF အကြမ်းဖက်​သောင်းကျန်းသူ ပူး​ပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်

မေ ၃၁

      မွန်​ပြည်​နယ်​၊ ကျိုက်​ထိုခရိုင်​၊ ဘီးလင်းမြို့နယ်​၊ သဲဖြူ​ချောင်း​ကျေးရွာ၊ သံတံတားဂိတ်​တွင်​လုံခြုံ​ရေး​ဆောင်​ရွက်​နေ​သော တပ်​မ​တော်လုံခြုံရေးအဖွဲ့ကို KNU တပ်​မဟာ( ၁ )နှင့်​ PDF အမည်ခံ အကြမ်းဖက်​သောင်းကျန်းသူ ပူး​ပေါင်းအဖွဲ့က ယနေ့ နံနက်​ ၅ နာရီခွဲအချိန်​က လက်နက် ကြီး/လက်နက်ငယ်များဖြင့် လာ​ရောက်​ပစ်​ခတ်တိုက်​ခိုက်​ခဲ့ကြောင်း သိရှိရပါတယ်။

      ထိုသို့ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ရာ နှစ်​ဖက်​အပြန်​အလှန်​ပစ်​ခက်​ကြသဖြင့်​ ရန်​ကုန်​-​မော်​လမြိုင်​အ​ဝေး​ပြေးကားလမ်း​ပေါ်ရှိ ကားများ​ခေတ္တခဏ ပိတ်​ဆို့ခဲ့ပြီး PDF အကြမ်းဖက်​သမားများသည်​ထိခိုက်​ဒဏ်​ရာရရှိမှုများရှိပြီး သဲဖြူ​ချောင်း၏ အ​ရှေ့ဘက်​ခြမ်းရှိ​ချောင်းရိုးအတိုင်း ပြန်​လှန်​ဆုတ်​ခွာသွား​ကြောင်းနှင့် တပ်မတော်လုံခြုံရေးအဖွဲ့တွင် ထိခိုက်ကျဆုံး မရှိကြောင်းသတင်းရရှိပါတယ်။

#PAN