မြောက်ပိုင်းမဟာမိတ် မြောက် ၃ ကောင် တပ်မတော်နဲ့ငြိမ်းချမ်းရေးဆွေးနွေမည်

မေ ၃၀ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့ မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ…

ရန်ကင်းမြိနယ်တွင်အမျိုးသားရေးတက်​ကြွလှုပ်ရှားသူ အဆိုတော် လီလီနိုင်ကျော် ကို အကြမ်းဖက်သမားတစ်ဦးက အနီးကပ် ပစ်ခတ်

မေ ၃၀     ယနေ့ ည ၇ နာရီ ၅ မီးနစ်အချိန်ခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၂)ရပ် ကွက်၊ရန်ရှင်းလမ်း၊တိုက်(က/၂၆၅၊ အခန်း-၇)ရှေ့တွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ…

အကျဥ်းသားများကိုလက်ခံယူရန် သွားရောက်သည့် လုံခြုံရေးရဲတပ်ဖွဲ့စီးနင်းလာသည့်ကားကို အကြမ်းဖက်သောင်း ကျန်းသူKNLAနှင့် PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်

မေ ၃၀    ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က မွန်ပြည်နယ်၊ ရေးမြို့နယ်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ထားသော တရားခံများကို ရေးမြို့လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ရေးမြို့မှ ကျိုက်မရောမြို့အကျဥ်းထောင်သို့ ပို့ဆောင်ရန် ထွက်ခွာခဲ့ပြီး…

စစ်‌တွေမြို့က မုန်တိုင်းဒဏ်သင့်ပြည်သူများတွေအတွက် ဆန်၊ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက်တွေနဲ့ တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းတွေကို သက်သာဈေးနှုန်းနဲ့ ရောင်းချပေး

PAN, မေ ၃၀ စစ်‌တွေမြို့က မုန်တိုင်းဒဏ်သင့်ပြည်သူများတွေ စားသောက်ရေး အဆင်ပြေစေဖို့အတွက် ဆန်၊ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက်တွေနဲ့ တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းတွေကို သက်သာဈေးနှုန်းနဲ့ ရောင်းချပေးခဲ့တယ်လို့…

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့ မြင့်တက်နေတဲ့ စက်သုံးဆီဈေးနှုန်းတွေကို ပြည်နယ်အစိုးရအဖွဲ့ ပြန်လည်စိစစ်ကြပ်မတ်နေPAN- မေ ၃၀မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူတွေ ထိခိုက်မှုမရှိစေရေးအတွက် မြင့်တက်နေတဲ့ စက်သုံးဆီ ဈေးနှုန်းများကို ပြန်လည်စိစစ်ကြပ်မတ်နေပြီဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ သဘာဝဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စက်သုံးဆီ သုံးစွဲသူတွေ ထိခိုက်မှုမရှိစေရေးအတွက် ပြန်လည်စိစစ်ကြပ်မတ် ဆောင်ရွက်သွားမှာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် အသိပေးရေးသားလိုက်တာဖြစ်ပါတယ်။စက်သုံးဆီ အရောင်းဆိုင်(ပန့်ဆိုင်)ကြီးတွေနဲ့ လမ်းဘေးပျံကျ ပြင်ပအရောင်းဆိုင်တွေရဲ့ စက်သုံးဆီဈေးနှုန်းတွေမှာ ကွာဟမှုတွေ ရှိနေတာကြောင့် အခုလို ဈေးနှုန်းကိုထိန်းချုပ်နိုင်ရေးအတွက် ကြပ်မတ်နေတာဖြစ်တယ်လို့ သိရပါတယ်။“ဒါကတော့ ကြိုဆိုရမှာပဲ။ လုပ်သင့်တဲ့ လုပ်ရပ်လို့ မြင်မိပါတယ်။ စကားပဲမဟုတ်ဘဲ ဆီဆိုင်တွေထိသွားပြီး ထိထိရောက်ရောက် လုပ်စေချင်တယ်။ ဆိုင်တစ်နဲ့တစ်ဆိုင် ဈေးနှုန်းတွေ မကွာတော့ ကျွန်တော်တို့လည်း ခရီးသည်တွေကို တင်ခေါ်ရတာ အဆင်ပြေမယ်”လို့ စစ်တွေမြို့က သုံးဘီးဆိုင်ကယ် (တုတ်တုတ်)မောင်းသူ ကိုစံသိန်းမောင်က PAN ကို ပြောပါတယ်။ရခိုင်ပြည်နယ်က စက်ဆုံးဆီဈေးနှုန်းမှာ မိုခါမုန်တိုင်းဝင်ရောက်ပြီးတဲ့ နောက်တစ်နေ့ မေလ ၁၅ ရက်နေ့မှာပဲ ချက်ချင်းဆိုသလို တစ်လီတာကို ၅၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့တာဖြစ်ပြီး ရသတ္တတစ်ပတ်လောက်ကြာပြီးမှ ၃၀၀၀ ကျပ်ကို ပြန်လည်ကျဆင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။စစ်တွေမြို့က စက်သုံးဆီဆိုင်ကြီးတွေမှာ 92 တစ်လီတာကို ၂၁၀၀ ကျော်၊ 95 တစ်လီတာကို ငွေ ၂၂၀၀ ကျော်နဲ့ ရောင်းချနေတာဖြစ်ပြီး လမ်းဘေးပျံကျ စက်သုံးဆီဆိုင်တွေမှာတော့ 92 တစ်လီတာကို ၂၅၀၀ ကျပ်နဲ့ 95 တစ်လီတာကို ၂၇၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တင် ရောင်းချနေကြတာ ဖြစ်ပါတယ်။“ကျွန်တော်တို့ ဈေးတင်ရောင်းတယ်ဆိုတာကလည်း မယူလို့လည်း မရဘူးလေ။ ဆီဆိုင်ကြီးတွေက တဆင့်ခံ ဝယ်ပြီး ရောင်းနေရတဲ့အထဲ အခွန်ခတွေလည်း ပေးရသေးတယ်လေ။ ဆီလျော့တာတွေ၊ သုံးမရတဲ့ အနည်ပါတာတွေလည်းရှိတော့ အနည်းဆုံး ၅၀၀ လောက် တင်ရောင်းမှ အဆင်ပြေမှာလေ”လို့ စစ်တွေမြို့မှ လမ်းဘေးပျံကျ စက်သုံးဆီ ရောင်းချနေသူတစ်ဦးက ပြောပါတယ်။မုန်တိုင်းမတိုက်မီ မေလ ၁၄ ရက်နေ့ မတိုင်ခင်က စက်သုံးဆီ အောက်တိန်း တစ်လီတာကို ၂၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့တဲ့အတွက် လက်ရှိ စက်သုံးဆီဈေးနှုန်းဟာ မြင့်တက်နေသေးတယ်လို့ စစ်တွေဒေသခံတွေက ဆိုကြပါတယ်။#PAN

ဖားကန့်မြို့နယ်၊ ငါးဂမ်ပို့စ်အနီးတဝိုက်တွင် ဆက်ကြေးကောက်ခံနေသော အကြမ်းဖက်သောင်းကျန်းသူ KIA အဖွဲ့ကို နယ်မြေလှုပ်ရှားစစ်ကြောင်းက ရှင်းလင်း၊ KIA ၃ ဦးအရှင်မိ

မေ ၃၀     ယမန်နေ့ မွန်းလွဲပိုင်းက ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ ငါးဂမ်ပို့စ်အနီးတဝိုက်တွင် ဆိုင်ကယ်တစ်စီးလျှင် ၂ သောင်းကျပ်နှုန်း၊ မော်တော်ကားတစ်စီးလျှင်  ၅ သောင်းကျပ်နှုန်းဖြင့် အကြမ်းဖက်သောင်းကျန်းသူ KIA အဖွဲ့က…

မိုးဗြဲအနီးအကြမ်းဖက်သောင်းကျန်းသူ  KNDF ယာယီစခန်းတစ်ခုကို တပ်မတော်က စီးနင်းတိုက်ခိုက်

မေ ၃၀      ရှမ်းပြည် နယ်(တောင်ပိုင်း)၊ မိုးဗြဲအနီးပါတ်ဝန်းကျင်တွင် အကြမ်းဖက်သောင်းကျန်းသူ  KNDF ယာယီစခန်းတစ်ခုရှိကြောင်း သတင်းရရှိသဖြင့် တပ်မတော်စစ် ကြောင်းက ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင်…

ဆွမ်းခံကြွရာမှ မျက်စိလည်လမ်းမှားပြီး ကိုရင် ၄ ပါးပျောက်ဆုံးနေ

မေ ၃၀    မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊သီရိမာလာအနောက်၊ချမ်းသာကြီးမြောက်တိုက်၊သီရိမာလာကျောင်း ဆရာတော်ဦးသာဓိနကျောင်းတွင်သီတင်းသုံးနေထိုင်တော်မူသော စာသင်သားကိုရင်ငယ် ၄ ပါးသည် ယနေ့နံနက်တွင် ဆွမ်းခံကြွရာမှမျက်စိလည်လမ်းမှားပြီးကျောင်းသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲပျောက်ဆုံးနေကြောင်း သိရပါသည်။     ဖော်ပြပုံတွင် အဝိုင်းပြထားသောကိုရင်…

ရုရှားနိုင်ငံက နိုင်ငံရေးပါတီတွေနဲ့ ပြည်ခိုင်ဖြိုးပါတီတို့အကြား ဆက်ဆံရေးမြင့်မားကောင်းမွန်စေဖို့ ဒူးမားလွှတ်တော်ဒုဥက္ကဋ္ဌဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့

မေ ၃၀     မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara – Ool ဟာ ရုရှားနိုင်ငံက နိုင်ငံရေးပါတီတွေနဲ့…

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က ရုရှားဒူးမား လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

မေ ၃၀     အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား…