မွန်ပြည်နယ်၊ ရေးမြို့တွင် အလင်းဝင်လူငယ်နှစ်ဦးကို မိဘများထံသို့ ပြန်လည်အပ်နှံ*****************************************မေ ၃၀     ယနေ့ နံနက် ၉ နာရီအချိန်တွင်မွန်ပြည်နယ်၊  ရေးမြို့၊ စကခ(၁၉)ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သော ဥပဒေဘောင်အတွင်း လက်နက်ခဲယမ်းဖြင့် အလင်းဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF များအား ဆုကြေးငွေထောက်ပံ့ခြင်းနှင့် မိဘများထံသို့ ပြန်လည်အပ်နှံခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။      အဆိုပါ အခမ်းအနားကို ဒုစကစမှူး၊ တပ်နယ်တပ်ရင်းမှ အရာရှိများ၊ ခစဖ(ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊မစဖ (ဥက္ကဋ္ဌ) နှင့်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလင်းဝင်လူငယ် ၂ ဦးနှင့် ၎င်း၏မိဘများ၊ စုစုပေါင်းအင်အား ၃၅ ဦးခန့်တက်ရောက်ခဲ့ကြပါတယ်။     အခမ်းအနားတွင် အလင်းဝင်လူငယ်နှစ်ဦးကဒုစကစမှူးထံ အလင်းဝင်လက်နက်ကို အပ်နှံခဲ့ပြီးခစဖ(ဥက္ကဋ္ဌ)မှ ဆုကြေးငွေများပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် အလင်းဝင်များကို ၎င်းတို့၏ မိဘများထံသို့ပြန်လည်အပ်နှံ၍ အခမ်းအနားကို နံနက် ၉ နာရီခွဲအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။ #PAN