ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် သဲတင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိကုက္ကိုလ်ပင်အား ဝင်တိုက်မိ

(မှုခင်း) ဇူလိုင် ၂၉

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မအူတောအုပ်စု၊‌စိမ်းစား‌ပင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၂၂၆/၆ အနီးတွင် Faw အဖြူရောင် သဲတင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိကုက္ကိုလ်ပင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ၂၇ရက်နေ့ နံနက် ၆နာရီခွဲအချိန်ခန့်က ရန်ကုန်-မန္တလေး လမ်းဟောင်း စိမ်းစား‌ပင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၂၂၆/၆ အနီးတွင် Faw အဖြူရောင် သဲတင်ယာဉ်သည် ပျဉ်းမနားဘက်မှ တပ်ကုန်းမြို့ဘက်သို့ ယာဥ်မောင်း ဦး‌အေမင်း‌သော်၊ ၄၀နှစ်၊ (ဘ) ဦးမြင့်ဝင်း ၊ သက်ကယ်ကျင်းကျေးရွာ၊ လယ်ဝေးမြို့နယ််‌နေသူမှ မောင်းနှင်လာပြီး ယာဉ်နောက်လိုက် သက်နိုင်ဦး၊ ၂၅ နှစ် (ဘ) ဦးကျော်စိန်၊ မှ လိုက်ပါလာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိိကုက္ကိုလ်ပင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ယာဥ်မှာထိခိုက်ပျက်ဆီးခဲ့ပြီး ယာဉ်‌မောင်းမှာ ယာနဖူး‌ပေါက်ပြဲဒဏ်ရာ၊ ယာ‌ခြေဖူး‌ရောင်ဒဏ်ရာနှင့် ယာဉ်နောက်လိုက်မှာ ထိခိုက်ဒဏ်ရာမရရှိကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ယာဥ်မောင်းအား ဂရုဏာရှင်လူမှုကူညီရေးအသင်းယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

PAN