(မှုခင်း) ဇူလိုင် ၂၉
မွန်ပြည်နယ်၊ သထုံမြို့၊ သထုံ-ဘားအံကားလမ်းတွင် ရပ်ထားသည့်တွဲကားကို သုံးဘီးဆိုင်ကယ်ယာဥ်မှ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၅ မိနစ်အချိန်ခန့်က သထုံမြို့၊ သထုံ-ဘားအံကားလမ်း၊ ဘင်လှိုင်အရှေ့ပိုင်း၊ ဟိန္ဒုဘုရားကျောင်းရှေ့ လမ်းဘေးတွင် ရပ်ထားသော တွဲကားအား သုံးဘီးဆိုင်ကယ်မှ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် သုံးဘီးဆိုင်ကယ်ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာများရရှိသဖြင့် အဖြူရောင်နှလုံးသားလူမှုကယ်ဆယ်ရေးယာဥ်ဖြင့် သထုံပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားကြောင်း သိရသည်။

Telegram – t.me/positiveanglenews