ဗဟန်းမြို့နယ်တွင် သစ်ပင်လဲကျ၍ ကားပေါ်ပိတ်မိကာ အမျိုးသားတစ်ဦးသေဆုံး

(မှုခင်း) ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းတွင် ဇူလိုင်၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်ခန့်က ကားပေါ်သို့ သစ်ပင်လဲကျခဲ့ပြီး လူညပ်မိနေကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အခင်းဖြစ်နေရာသို့ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အခြားအမျိုးသားတစ်ဦးမှာ မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူအား မေတ္တာစေတနာ(ဗဟန်း) ပရဟိတအသင်းယာဉ်ဖြင့်လည်းကောင်း၊ ဒဏ်ရာရရှိသူအား မေတ္တာအလင်း(ဗဟန်း) ပရဟိတအသင်းယာဉ်ဖြင့်လည်းကောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN