(ပြည်တွင်း) ဇူလိုင် ၂၇
နိုင်ငံတော်အစိုးရမှ လတ်တလော တွင် ပညာရေးဝန်ထမ်းဆရာမများအားထိုက်သင့်သည့်ချီးမြှင့်ငွေသို့မဟုတ်လစာ တိုမြှင့်ပေးနိုင်ရန်အစီအစဉ်မရှိသေးကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်းကပြေားကြားလိုက်သည်။

ယနေ့ကျင်းပပြုလုပ်သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၉ ရက်နေ့ တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဒေါ်စမ်းစမ်းဌေး၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းဌေးက ပညာရေးဝန်ထမ်းဆရာ/ဆရာမများအား ထိုက်သင့်သော ချီးမြှင့်ငွေ သို့မဟုတ် လစာတိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင်ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက ပညာရေးဝန်ထမ်းဆရာမများအပါအဝင် နိုင်ငံဝန်ထမ်းအားလုံး အတွက် ရာထူးအဆင့်အလိုက်သတ်မှတ်ချိန်နှုန်းလစာအပြင် အပိုထောက်ပံ့ခြင်း ဝတ်စုံစရိတ် အိမ်စရိတ်ရာထူးအဆင့်လိုက်သတ်မှတ်ထားသည့်ဒေသစရိတ်များ တာဝန်ဖြင့်ခရီးသွားလာခြင်းအတွက် အမှန်တကယ်ကုန်ကျသည့် ခရီးစရိတ် နေ့တွက်စရိတ် တည်းခိုစရိတ်နှင့်သီးခြားသတ်မှတ်ချက်များဖြင့်ခံစားခွင့်ပြုထားသည့်စရိတ်တို့ကိုလည်းနိုင်ငံတော်ရဲ့ဘတ်ဂျက်ခံနိုင်ရေးအပေါ်မှုတည်၍ နှုန်းထားများကိုသတ်မှတ်ပြီးခွင့်ခံစားခွင့်ပြုလျက်ရှိသည်ဟု ဆိုသည်။

ပညာရေးဝန်ကြီးဌာနအပါအဝင် ဌာနအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံဝန်ထမ်းအားလုံးအတွက် ရာထူးအဆင့်အလိုက်သတ်မှတ်ချိန်နှုန်း လစာလစဉ်အပိုထောက်ပံ့ကြေး တစ်နှစ်လျှင်တစ်ကြိမ်ခံစားခွင့်ရှိသည့် ဝတ်စုံ စရိတ်၊ အခမဲ့အိမ်ရာတွင်နေထိုင်ခွင့်မရရှိပဲ မိမိအစီအစဉ်ဖြင့်နေထိုင်ရသည့် ဝန်ထမ်းများအတွက် သတ်မှတ်ချက်နဲ့အညီခံစားခွင့်ရှိသည့် အိမ်ဌားစရိတ် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများတွင်တာဝန်ထားဆောင်လျက်ရှိသည့် နိုင်ငံဝန်ထမ်းများအတွက်
ဒေသစရိတ် တာဝန်ဖြစ်ခရီးသွားလာပါက ခရီးသွားတဲ့နေ့အတွက်စရိတ် အမှန်တကယ်ကုန်ကျသည့်ခရီးစရိတ်နဲ့ ရာထူး အဆင့်အလိုက်သတ်မှတ်ထားရှိသည့် တည်းခိုစရိတ်တို့ကိုလည်း ခံစားခွင့်ရရှိသည့်အပြင် ပညာရေးကဏ္ဍရှိ သင်ကြားရေးပိုင်းတွင်တာဝန်ယူဆောင်ရွက်နေကြသည့်ကျောင်းအုပ်ကြီးများ ဆရာဆရာမများအတွက် သတ်မှတ်ထားများ ချီးမြှင့်ငွေပေးအပ်လျက်ရှိသည်ဟု ဖြေကြားခဲ့သည်။
နိုင်ငံတော်အနေနှင့်နိုင်ငံဝန်ထမ်းများ၏ လစာနှုန်းထားများကိုတိုးမြှင့်ပေးရာတွင် ပညာရေးဝန်ထမ်းဆရာမများကိုသာသီးခြားတိုးမြှင့်ပေးလျက်မဟုတ်ဘဲ ကျွန်မတို့ဌာနအဖွဲ့အစည်းများတွင်တာဝန်ထမ်းဆောင်နေကြသည့်ပညာရေး
ဝန်ထမ်းများအပါအဝင်ဝန်ကြီးဌာနအားလုံးရှိဝန်ထမ်းများအားလုံးအတွက် တိုးမြှင့်ပေးသည့်မူဝါဒကိုကျင့်သုံးလျက်ရှိသည်ဟု ဖြေကြားခဲ့သည်။
နိုင်ငံတော်ကတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့်အခြေခံပညာအကျောင်းများတွင် တာဝန်ထမ်း ဆောင်သည့် ပညာရေးဝန်ထမ်းကျောင်းအုပ်ကြီးများအတွက် ၎င်းတို့၏ ရာထူးအဆင့်အလိုက် ကနဦးလစာ၏ ၁၀ ရာခိုင်နှုန်းဖြင့် လစဉ်အုပ်ချုပ်မှုစရိတ်ကိုလည်းကောင်း၊ ပညာရေးဝန်ထမ်း သင်ကြားရေးဆရာမများအတွက်အမြင့်ဆုံးရရှိသည့် ဘွဲ့အလိုက်လစဉ်ချီးမြှင့်ငွေများကို ပါရဂူဘွဲ့ရရှိသူတစ်ဦးလျှင် ကျပ် ၃ သောင်း၊ မဟာဒဿန မဟာဘွဲ့၊ မဟာသုတေသနရရှိသူတစ်ဦးလျှင် ကျပ်နှစ်သိန်းခွဲ၊ ဘွဲ့လွန်ဒီပလိုမာရရှိသူတစ်ဦးလျှင် ကျပ်တစ်သောင်းစသည်တို့ဖြင့် လစဉ်ချီးမြှင့် ငွေများကိုပေးအပ်လျက်ရှိသည်ဟု ဒုဝန်ကြီးက ဖြေဆိုခဲ့သည်။
Telegram – t.me/positiveanglenews
#PAN