ပြည်သူများ၏ လျှို့ဝှက်သတင်းပေးမှုအရ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရပ်ကွက်အတွင်း နေအိမ်တစ်ခုမှ PDF အမည်ခံ လူသတ်အကြမ်း ဖက်တရားခံ ၄ ဦးနဲ့အတူ အကြမ်းဖက်ပစ္စည်းများကို သိမ်းဆည်းရမိ*****************************************မေ ၃၀     ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် တာဝန်သိ ပြည်သူများ၏ လျှို့ဝှက်သတင်းပေးမှုအရ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရပ်ကွက်၊ မင်းဒင် ၃ လမ်းရှိနေအိမ်အား ဝင်ရောက်ရှာဖွေရာ PDF အမည်ခံ လူသတ်အကြမ်း ဖက်တရားခံ ၄ ဦးနဲ့အတူ အကြမ်းဖက်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါတယ်။       သတင်းအရ ဝင်ရောက်ရှာဖွေရာ အဆိုပါအိမ်အတွင်းမှ DJI Drone ၂ စီး၊ ၁၂ ဗို့ကျည် ၂၃၀ တောင့်၊ ၉ မမ ကျည် ၁၀၀ တောင့်၊ 7.62 စနိုက်ပါကျည် ၁၃၀ တောင့်၊ အီနာဂါ ၁ လုံး၊ လက်လုပ်မိုင်း ၆ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိ တရားခံများကို စစ်ကြောစစ်ဆေးလျှက်ရှိကြောင်းနှင့် တရားခံများကို အကြမ်းဖက်ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။ #PAN