ယမန်နေ့ညပိုင်းက မကွေးတိုင်း၊မင်းလှမြို့နယ်၌ အကြမ်းဖက် PDF ၈လောင်း၊လက်နက် ၇ လက် နှင့် ဆက်စပ် ပစ္စည်းများ ရရှိမှု


မေ ၃၀

ယမန်နေ့ညပိုင်းက မကွေးတိုင်း၊မင်းလှမြို့နယ်၊ဒီးဒုတ်ကန် အိုးဘိုကုန်းရေဘော်လမ်းတွင်ယမန်နေ့ ည ၁၀ နာရီခန့်အချိန်တွင် နယ်မြေရှင်လင်းရေး တပ်မတော်စစ်ကြောင်းနှင့် PDF အမည်ခံ လူသတ်အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲကြောင်း သိရှိရပါသည်။

အဆိုပါ တိုက်ပွဲအပြီးတွင် အကြမ်းဖက် PDF ၈ လောင်း၊M-22 အမျိုးအစား သေနတ်၄ လက်၊
K-12 အမျိုးအစား သေနတ် ၁ လက်၊ Sporting ရိုင်ဖယ်၁ လက်၊ M-416ကာဘိုင် ၁ လက်စသည့်စုစုပေါင်းသေနတ်မျိုးစုံ ၇ လက်နှင့် M-22 ကျည်အိမ် ၂၂ ခု၊ M-16 ကျည်အိမ် ၁ ခု၊Sporting ရိုင်ဖယ်ကျည်အိမ် ၁ ခု၊ ၅.၅၆ ကျည် (KIA ထုတ်) ၁၀၄ တောင့်၊ ၇.၆၂ ကျည် (KIA ထုတ်) ၈၀၀ တောင့်၊ Sporting ရိုင်ဖယ်ကျည် ၅ တောင့်တို့ကို တပ်မတော်စစ်ကြောင်းမှ သိမ်းဆည်းရမိကြောင်းနှင့် တပ်မတော်စစ်ကြောင်းမှ စစ်သည် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

PAN