စစ်‌တွေမြို့က မုန်တိုင်းဒဏ်သင့်ပြည်သူများတွေအတွက် ဆန်၊ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက်တွေနဲ့ တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းတွေကို သက်သာဈေးနှုန်းနဲ့ ရောင်းချပေး

PAN, မေ ၃၀

စစ်‌တွေမြို့က မုန်တိုင်းဒဏ်သင့်ပြည်သူများတွေ စားသောက်ရေး အဆင်ပြေစေဖို့အတွက် ဆန်၊ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက်တွေနဲ့ တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းတွေကို သက်သာဈေးနှုန်းနဲ့ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၉ ရက်နေ့က စစ်တွေမြို့ ဆရာတော်ဦးဥတ္တမပန်းခြံအတွင်းမှာ ရောင်းချခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင် ဟင်းသီးဟင်းရွက်တွေ၊ တပ်မတော်စက်ရုံက ထုတ်လုပ်တဲ့ ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် အမဲသားဘူး၊ မျှစ်ဘူး၊ စားတော်ပဲဘူး၊ ကြက်သားအာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငါးပိကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူး စတဲ့ စားသောက်ကုန်ပစ္စည်းတွေကို ပြင်ပပေါက်ဈေးထက် များစွာလျော့ပေါ့တဲ့ သက်သာဈေးနှုန်းနဲ့ ရောင်းချပေးခဲ့တာကြောင့် လာရောက်ဝယ်ယူသူ ဒေသခံတွေနဲ့ စည်ကားခဲ့တယ်လို့ သိရပါတယ်။

အဲဒီ စားသောက်ကုန်ပစ္စည်းရောင်းချနေမှုကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားတွေနဲ့ တာဝန်ရှိသူတွေက ရောင်းချခဲ့တာဖြစ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနဲ့ တာဝန်ရှိသူတွေက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်တာတွေကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

PAN