“အိန္ဒိယနိုင်ငံသို့ နိုင်ငံတော် ခရီးစဥ်အဖြစ် ရောက်ရှိ နေသည့် ကမ္ဘောဒီးယား ဘုရင်”

မေလ ၂၉

ကမ္ဘောဒီးယားနိုင်ငံ၏ ဘုရင် Preah Bat Sam Preah Boromneath Norodom Sihamoni သည် အိန္ဒိယနိုင်ငံသို့ ၃ရက်ကြာ နိုင်ငံတော် ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

Sihamoni သည် အဖွဲ့ဝင် ၂၇ ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အိန္ဒိယနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာ Rajkumar Ranjan Singh နှင့် လက်ခံတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေ မှာ ဖြစ်တယ်လို့ သတင်းဌာနများမှ ဖော်ပြပြောဆိုထား ကြပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ဘုရင်သည် အိန္ဒိယ နိုင်ငံ၏ပြည်ပရေးရာဝန်ကြီး S. Jaishankar၊ အိန္ဒိယ၀န်ကြီးချုပ် Narendra Modi နှင့် အိန္ဒိယသမ္မတ Droupadi Murmu တို့နှင့်လည်း အဆိုပါခရီးစဥ်တွင် တွေ့ဆုံသွားမှာဖြစ်ပြီး ကမ္ဘောဒီးယားဘုရင်သည် လာမည့် ဗုဒ္ဓဟူးနေ့နံနက် ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ Phnom Penh မြို့သို့ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။