တောင်ငူမြို့နယ်တွင် သာမန်ပြည်သူတို့ကိုအကြမ်းဖက်သောင်းကျန်းသူ PDF များက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်


မေ ၁၈

ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ကွမ်းပင်အုပ်စု၊ ထုံဘိုကြီးရွာအနောက်ဘက် ၅ ဖာလုံခန့် ခရိုင်ချင်းဆက်လမ်းပေါ်နေ ဒေါ်အေးအေးခိုင်၊ ၄၆ နှစ်၊(ဘ)ဦးထွန်းဝေသည် နေအိမ်ရှေ့ဖုန်းပြောနေစဥ် ရေတာရှည်မြို့နယ်ဘက်မှ ဆိုင်ကယ်ဖြင့် Tရှပ်အဖြူရောင်ဝတ်ပြီး Maskတပ်ထားသည့် အကြမ်းဖက်သောင်းကျန်းသူ PDF ၂ ဦးရောက်ရှိလာပြီး ဆိုင်ကယ်နောက်မှလိုက်ပါလာသူက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ကာထုံဘူကြီးရွာဘက်သို့မောင်းထွက်သွားကြောင်း၊ ဒေါ်အေးခိုင်မှာ သေနတ်ဒဏ်ရာ ၃ ချက်ထိမှန်ပြီးနေရာတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလတွင်လည်း ဒေါ်အေးအေးခိုင်၏မောင်ဖြစ်သူ ကိုဇော်ထွန်း(ဘ)ဦးထွန်းဝေသည် ထော်လာဂျီယာဥ်ဖြင် သစ်ပို့ပြီးအပြန် ဒေါ်အေးအေးခိုင်ပစ်ခတ်ခံရသည့်နေရာအနီးတွင်ပင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာရှိကာ တောင်ငူဆေးရုံတွင် တက်ရောက်ကုသခဲ့ရကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူ PDFများက ဒေါ်အေးအေးခိုင်နှင့် မောင်ဖြစ်သူ ကိုဇော်ထွန်းတို့ကို ယခုလိုပစ်ခတ်သတ်ဖြတ်ရသည့်အကြောင်းအရင်းကို မသိရသေးကြောင်းသတင်း ရရှိပါသည်။

https://t.me/positiveanglenews

PAN