ငါန်းဇွန်မြို့၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး ဝန်းအတွင်းရှိ လုံခြုံရေးအဖွဲ့ကို လူသတ်အကြမ်း ဖက်သမား PDFများက Drone ဖြင့် Drop Bomb ၁ လုံးပစ်ချ


မေ ၂၀

       ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မီးနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့၊အမှတ် (၁)ရပ်ကွက်ရှိ လုံခြုံရေးအဖွဲ့ အခြေပြုလျက်ရှိသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး ဝန်းအတွင်းသို့ အဖွဲ့အမည်(စိစစ်ဆဲ)လူသတ်အကြမ်း ဖက်သမား PDFများက Drone ဖြင့် Drop Bomb ၁ လုံးပစ်ချခဲ့ရာ လုံခြုံရေးအဖွဲ့အခြေပြုသည့် ယာယီအ​ဆောင်ဘေးရှိ မီးဖိုတဲဆောင်အနီး ကျရောက်ပေါက်ကွဲခဲ့ရာ အနီးရှိ  တကက လှဦးတွင် ဝဲ/ယာခြေသလုံးနှင့် မျက်နှာတို့တွင် ဗုံးစထိမှန် (မစိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ပါသည်။

   ဖြစ်စဉ်နှင့် ပတ်သတ်၍ မြို့ပေါ်ရပ်ကွက် အနီးဝန်းကျင်များတွင်  လုံခြုံရေးပူးပေါင်းအဖွဲ့က  နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့သော်လည်း ထူးခြားမှုမရှိကြောင်း၊ထိုသို့ Drone ဖြင့် Drop Bomb ဗုံးချတိုက်ခိုက်ခဲ့သည့်အဖွဲ့မှာ ဒေသခံ Ngazun Fight Stars အဖွဲ့မှ နီးစပ်ရာ နွားထိုးကြီး PDF၊ မြင်းခြံ PDF အဖွဲ့တို့နှင့် ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မြို့ခံပြည်သူများထံမှ သတင်းရရှိပါသည်။

ငါန်းဇွန်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ယနေ့ထိ အကြမ်းဖက် ပစ်ခတ်/သတ် ဖြတ်မှုဖြစ်စဉ် ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် ပစ်ခတ်/သတ်ဖြတ်မှုကြောင့် ရပ်/ကျေးအုပ်အုပ်ရေးမှူး ၁ ဦး၊ အမည်မသိ(စိစစ်ဆဲ)အမျိုးသား ၂ ဦးတို့ သေဆုံးခဲ့ကြောင်း၊ ရဲစခန်းအား DROP BOMB/ လက်နတ်ငယ်များဖြင့် ပစ်ချ/တိုက်ခိုက်မှုဖြစ်စဉ် ၁ ကြိမ် ဖြစ်ပွားခဲ့ပြီး DROP BOMB/လက်နတ်ငယ် များဖြင့် ပစ်ချ/တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး၊ မိသားစုဝင် ၂ ဦး၊ စုစုပေါင်း ၃ ဦးဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ယခုအကြိမ် တပ်လုံခြုံရေးအခြေပြုရာနေရာအား DROP BOMB ဖြင့် ပစ်ချတိုက်ခိုက်ခံရသည့်ဖြစ်စဉ် ၁ ကြိမ် ဖြစ်ပွားခဲ့ပြီး  တပ်မတော်သား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

https://t.me/positiveanglenews

PAN