“ကမ္ဘာ့ နံပါတ်တစ် ငွေချေကဒ် ဖြစ်လာခဲ့သည့် တရုတ် UnionPay”

မေလ၂၉

တရုတ်နိုင်ငံ၏ UnionPay Visa ကဒ်သည် တစ်ကမ္ဘာလုံးအသုံးနေသည့် Visaကဒ် များထဲတွင် လူအသုံးအများဆုံး နံပါတ် ၁ ကဒ်ဖြစ်လာ ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ နံပါတ် ၁ ဖြစ်ရသည့် အကြောင်း အရင်းများ မှာ ကဒ်ဖြင့် အရောင်းအ၀ယ်များ ပြုလုပ်မှုတွင် ကန်ဒေါ်လာ$100 တိုင်းအတွက် ကန်ဒေါ်လာ $40.03ကျသင့်ရမည့်အစား UnionPay Visa ကဒ်သည် ကန်ဒေါ်လာ $38.78 သာကျသင့် သောကြောင့်ဖြစ်တယ်လို့ ပြီးခဲ့သည့် မေလ ၂၈ရက် နေ့က Credit နှင့် debit ဆိုင်ရာစောင့်ကြည့် လေ့လာရေး အဖွဲ့ Nilson ၏အစီရင်ခံစာ တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ UnionPay အကြွေးဝယ်ကဒ်ဖြင့် ငွေပေးချေမှုများ မှာ ပြီးခဲ့သည့်နှစ်က ကန်ဒေါ်လာ ၁၆၀ ဘီလီယံအထိ ရှိလာခဲ့ပြီး Visa အတွက် ကန်ဒေါ်လာ ၁၅၅ ဘီလီယံ နှင့် MasterCard အတွက် ဒေါ်လာ ၈၅ ဘီလီယံထိရောက်ရှိလာ ခဲ့တာ လည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအတွင်းရှိ Credit ကုမ္ပဏီကြီး နှစ်ခုနှင့် နှိုင်းယှဥ်ပါက တရုတ်နိုင်ငံ၏ UnionPay သည် အကြွေးဝယ်ကဒ်ဆိုင်ရာ အရောင်းအ၀ယ်များ တွင် ကန်ဒေါ်လာ ၈၇ ဘီလီယံ မှ ကန်ဒေါ်လာ ၆၅ ဘီလီယံထိ သာလွန်နေခဲ့တာဖြစ်ပြီးအဆိုပါ UnionPay အကြွေးဝယ် ကဒ်များသည် အမေရိကန်နိုင်ငံထက် တရုတ်နိုင်ငံတွင် ပိုမိုအသုံးပြုနေကြတာလည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ အကြွေးဝယ်ကဒ်များပေါ်တွင် တရုတ် UnionPay Visa ၏ ဦးဆောင်မှုသည် အကြွေး နှင့် ဒက်ဘစ်ကဒ်ဆိုင်ရာ စျေးကွက်ကြီး တစ်ခုလုံး၏ ၃၉ ရာခိုင်နှုန်းထိသာလွန်နေခဲ့တာ ဖြစ်ပြီး အခြားသော ငွေချေကဒ်များထက် ပိုမိုအရောင်းအဝယ် ဖြစ်နေတာ လည်းဖြစ်ပါတယ်။