အောင်မြေသာစံမြို့နယ်ရှိ သားသောက်ဆိုင်တစ်ခုကို တရုတ်ကြိုးဆွဲ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်

မေ ၂၈

     ယမန်နေ့ ည ၁၁ နာရီ ၁၅ မီးနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံမြို့နယ်၊ညောင်ကွဲရပ်ကွက်၊၁၁လမ်း၊၈၇×၈၈လမ်းကြားရှိ Drink & Eat စားသောက်ဆိုင်အား ၁၁လမ်းအတိုင်း အနောက်မှအရှေ့သို့ လူသတ်အကြမ်း ဖက် PDF လူငယ် ၂ ဦး စီးနင်းလာသည့် CZI အမျိုးအစား၊ဆိုင်ကယ်ပေါ်မှ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ကာ ၎င်းဆိုင်ကယ်မှာ ၁၁လမ်းအတိုင်း အရှေ့ဘက်သို့ မောင်းနှင်ထွက် ပြေးသွားခဲ့ပါသည်။

     လက်ပစ်ဗုံးမှာ စားသောက်ဆိုင်ရှေ့တွင်ကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ဝန်ထမ်း ဇော်သက်၊၂၃နှစ်၊(ဘ)ဦးသန်းဇော်ဦးတွင် ဝဲ-လက်ဖျံ ဗုံးစရှပ်ထိဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦး/ ပစ္စည်းပျက်စီးမှုမရှိကြောင်း သတင်းရရှိပါသည်။

#PAN