ပြည်ကြီးတံခွန်မြို့နယ်၊အခွန်ဦးစီးရုံးကို PDF အမည်ခံ လူသတ်အကြမ်းဖက်သောင်းကျန်းသူများကလက်လုပ်မိုင်းဖြင့် ပစ်ပေါက်ကာ ထွက် ပြေး

မေ ၂၈

    ယမန်နေ့ ညနေ ၆ နာရီ ၁၀ မီးနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊ချမ်းမြသာယာရပ်ကွက်၊၇၈လမ်း အရှေ့ဘက်၊၇၅-ဒီလမ်းနှင့်မြဝတီမင်းကြီး(၁)လမ်းကြားရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ပြည်ကြီးတံခွန်မြို့နယ်၊အခွန်ဦးစီးရုံးအား မြဝတီမင်းကြီး(၁) လမ်းအတိုင်း အရှေ့မှအနောက်သို့ အမည်မသိ လူသတ်အကြမ်းဖက် PDF အမျိုးသား ၂ဦးစီးနင်းလာသည့် ဆိုင်ကယ်ပေါ်မှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ကာ ထွက်ပြေးသွားခဲ့ပါသည်။

      လက်လုပ်မိုင်းမှာ အခွန်ဦးစီးရုံးရှေ့ကျရောက် ပေါက်ကွဲခဲ့ပြီး ရုံးရှေ့တွင်ရပ်ထားသော ယာဥ်အမှတ် MDY-9F/4981၊ALPHARD အမျိုးအစား၊အနက်ရောင်ယာဥ်တွင် ရှေ့မှန် ၁ချပ်၊ယာဥ် ယာဘက်ခြမ်း မိုင်းစထိမှန်၊ယာ-နောက်မှန် ၁ချပ်တို့ကွဲခဲ့ပြီး လူ/အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိကြောင်း သတင်းရရှိပါသည်။

#PAN