လွန်ခဲ့သော အနှစ် ၂၀ လောက်က မိန်းကလေး အရက်ဘီယာသောက်တာ အရမ်းထူးဆန်းတယ်လို့ မြင်ကြပေမဲ့ယနေ့ခေတ် ဘီယာဘားတွေ အရက်ဘားတွေ ကလပ်တွေသွားကြည့်လိုက် မိန်းကလေးတွေ ပြည့်နေကြတာပါ။ကိုရီးယားမင်းသမီး လေးတွေ အရက်မူးပြီး စကားပြောတာ ကုန်းပိုးခေါ်ရတာ ကောင်းလိုက်တဲ့ကိုရီးယားကားဆိုပြီး ကြည့်ခဲ့ကြတာ တွေ က ယနေ့ခေတ် မြန်မာ မိန်းကလေးထုထဲကို ယဉ်ကျေးမှု ကူးစက်ခံလိုက်ရတယ်ဆိုတဲ့ အချက်ကိုတော့ လူတွေ သတိမပြု မိလိုက်ကြပါဘူး။

ဒါတွေကို အပြစ်ပြောနေတာ မဟုတ်ပါဘူး။ ဒီလိုခေတ်
ဒီလိုအခြေမှာ ရောက်နေသော မြန်မာလူငယ်တွေကို
အမျိုးဘာသာ သာသနာ အတွက်ဆိုတဲ့ စကားလောက်နဲ့
စည်းရုံးလို့ ရနိုင်မလား ဆိုတဲ့ အချက်ကို ထောက်ပြလို
တာပါ။ မိမိတို့ရဲ့ ပုံစံခွက်ထဲကို လူငယ်တွေကိုထည့်ကြ
မှာလား လူငယ်ထုနဲ့အတူစီးမျော ခံစားပေးမှာလား
ဆိုတဲ့ အချက်ပါ။

ဟို့ယခင်က လို တောနဲ့မြို့ အလွန်ကွာခြားသော လူနေထိုင်
မှုစနစ် မဟုတ်တော့ပဲ တစ်ပြေးညီဖြစ်လာသော လူ့ပတ်ဝန်း
ကျင်ကိုလည်း နားလည်ဖို့လိုအပ်ပါတယ်။

နောက်ဆုံး အချက်ကတော့ နိုင်ငံရေးမျိုးဆက်တစ်ခု ဖြတ်
တောက်ဖို့ လိုအပ်ခြင်းပါ။
ငါတို့ပြောတာရရင်ရ မရရင် ချမယ် တောခိုသူပုန်ထမယ်
ဆိုတဲ့ တောခို Nld နိုင်ငံရေးမျိုးဆက်ကို ဖြတ်တောက်ရမှာ
ဖြစ်ပါတယ်။ အတွေးအခေါ်ကောင်းသော ၊ဆက်ဆံရေးကောင်းသော ခေတ်နှင်ြအညီသွားနိုင်သော နိုင်ငံရေးမျိုးဆက် များ ထွန်းကားလာဖို့ တိုင်းပြည်အတွက်လိုအပ်ပါတယ်။

အာဏာ ရဖို့ဆိုရင် ပြည်သူနဲ့ တိုင်းပြည်ကို ချနင်း ကြသော
နိုင်ငံရေးသမျိုးဆက် ပြတ်တောက်ဖို့လိုအပ်ပါတယ်။
ဥပမာ ပြောရရင် စစ်တပ်က အာဏာသိမ်းတိုင်း ကို့နိုင်ငံသား
ကို့ ပြည်သူချင်း အရောင်ခွဲပြီး ပြန်သတ်ကြကြေးဆိုရင်
ထိုင်းနိုင်ငံမှာ ပြည်သူပင် ကျန်တော့မည်မဟုတ်ပါ။

သက်ဆင်တို့ ယင်လတ်တို့ ပြေးရတာ ဆယ်စု နှစ်မကခဲ့
ပါဘူး။ ဇော်ဝေစိုးတို့ပြေးတယ် ဆိုတာက မနေ့တနေ့ကပါ။
ဒါပေမဲ့ သက်ဆင်တို့ယင်လတ်တို့သည် အာဏာရဖို့ ထိုင်း
လူမျိုး ထိုင်းပြည်သူချင်းပြန်မသတ်ခိုင်းပါဘူး။
ဇော်ဝေစိုးတို့ မြန်မာပြည်ပြေး အုပ်စုကတော့ အနာဂတ်ကို
မကြည့်တော့ပဲ မြန်မာချင်း ပြန်သတ်ခိုင်းနေတော့တာပါ။
ဒါ့ကြောင့် ဒီလို ယုတ်မာကောက်ကျစ်သော နိုင်ငံရေးမျိုးဆက် ကို ဖြတ်တောက်ပြစ်ဖို့ မြန်မာနိုင်ငံ အတွက်လိုအပ်ပါတယ်။

ပါတီစုံစနစ်နဲ့ ပြည်သူ ရွေးချယ်တင်မြှောက်သော အစိုးရ
ကိုသာ ပြည်သူက လိုလားကြခြင်းဖြစ်ပြီး သေနတ်ဖောက်
လူသတ်ပြီး ဖြစ်လာမည့် အစိုးရမျိုးကို မြန်မာပြည်သူတွေက မလိုလားကြပါဘူး။

တပ်မတော် သည် ပြည်သူနဲ့ လက်တွဲပြီး နိုင်ငံတော်ကို နည်းလမ်းမျိုးစုံဖြင့် ကာကွယ်ရမှာ ဖြစ်ပြီး ယနေ့ နိုင်ငံရေးဖြစ်စဉ်
ကို ဥပမာယူ၍ နောင်အနာဂတ်မှာ တောခို Nld ပါတီလို
နိုင်ငံရေးပါတီးများ အပေါ်ပေါက်လာစေရေး အခြေခံဥပဒေ
မှ အစ ပြင်ဆင်ရေးဆွဲ နိုင်ရန် လိုအပ်ပါကြောင်း တင်ပြလိုက်ပါတယ် ခင်ဗျာ။

ဆောင်းပါးရှင် ကျော်စွာ