ဘီးလင်းမြို့နယ်၊ရန်ကုန်-မော်လမြိုင်ကားလမ်းမတစ်လျှောက်တွင် လမ်းကင်းဆောင်ရွက်နေသောလုံခြုံရေးအဖွဲ့ကို PDF အမည်ခံလူသတ်အကြမ်း ဖက်များက Drop Bomb ပစ်ချ တိုက်ခိုက်ရာ အရပ်သားကလေးငယ်နှစ်ဦး ထိခိုက်သေဆုံး

မေ ၂၇

      ယမန်နေ့ နံနက် ၈ နာရီ ၁၅ မီးနစ်အချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဘက်ဆွဲကျေးရွာအုပ်စု၊ ဒေါင်းရွာကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမတစ်လျှောက်တွင် အမတ(၃၁၄)မှ လမ်းကင်းလခရ ဆောင်ရွက်နေစဉ် PDF အမည်ခံလူသတ်အကြမ်းဖက်သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့က Droneယာဉ် လွှတ်တင်ပြီး Drop Bomb ၂ လုံးပစ်ချ တိုက် ခိုက်ခဲ့ရာ ဒေါင်းရွာကျေးရွာ၊ ရန်ကုန်- မော်လမြိုင် ကားလမ်းမဘေးရှိ စောဘခက်၊ (၅၆)နှစ်၊ (ဘ)ဦးဘလူ၊ မပတရှိ(မမှတ်မိ)၊ ကရင်/ ဗုဒ္ဓ၊ ဒေါင်းရွာကျေးရွာနေသူ၏နေအိမ် ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပါသည်။

     ထိုသို့ Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် နွားစာကျွေးနေသော စောဘခက်၏ တူများဖြစ်ကြသည့် စောမိုးထက်၊ ၁၆ နှစ်၊(ဘ)ဦးခေးအောင်၊ (၇)တန်း၊ ကရင်/ ဗုဒ္ဓ၊ဒေါင်းရွာကျေးရွာနေသူမှာ ဝဲပေါင်အစထိမှန်ပေါက်ပြဲဒဏ်ရာ၊ ဝဲလက်ပေါက်ပြဲ အစ ထိမှန်ဒဏ်ရာ၊ ယာဝမ်းဗိုက်ပေါက်ပြဲအူထွက် အစထိမှန်ဒဏ်ရာရရှိ(သေဆုံး)နှင့် စောမော်ခါး၊ ၁၆နှစ်၊ (ဘ)ဦးစောအယ်ထူး၊(၇)တန်း၊ကရင်/ ဗုဒ္ဓ၊ ဒေါင်းရွာကျေးရွာနေသူမှာ ဝဲခြေသလုံးကျိုးပဲ့ အစထိမှန်ဒဏ်ရာ၊ ယာလက်ကောက်ဝတ် ပြတ်ရှအစထိမှန် ဒဏ်ရာရရှိ(သေဆုံး)ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN