ဟာခါးမြို့၊ မြို့သစ်ရပ်ကွက်​နေထိုင်သူများ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ထောင်ထားသောမိုင်းကို နင်းမိ​ပြီး တစ်ဦးသေဆုံး၊ ငါးဦး ထိခိုက်ဒဏ်ရာရ


မေ ၂၅

        ယမန်နေ့ ည​နေပိုင်းက ချင်းပြည်နယ်၊ဟာခါးမြို့၊ မြို့သစ်ရပ်ကွက်​နေထိုင်သူ ဦးချန်ကီယန်း၊ ၇၀ နှစ် သည် ဆိတ်စာရှာရင်း အိမ်ပြန်မလာ​​တော့သည့်အတွက်  ​ယနေ့ နံနက်ပိုင်းတွင် မိသားစုဝင်များက လိုက်လံရှာဖွေရာ ဖလမ်း – ဟားခါးလမ်းမကြီး၊ မြို့အဝင်လမ်း​အောက်ဖက် ​တောထဲတွင် ယမန်နေ့က ည​နေ ၅ နာရီအချိန်ခန့်တွင် ​ဗုံး​ပေါက် ကွဲသံကြားရ​ကြောင်း အနီးအနား​နေထိုင်သူများ​ပြောကြားချက်အရ အဆိုပါ​နေရာသို့သွား​ရောက်ရှာ​ဖွေခဲ့ကြပါသည်။

        ထိုသို့ လိုက်လံရှာဖွေရာ ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် လိုက်လံရှာဖွေသူများအနက် ၅ ဦးမှာ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ထောင်ထားသောမိုင်းကို နင်းမိ​ခဲ့ကြောင်း ဦးချန်ကီယန်း၏တူ ဦးဇဗျက်​ထောင်းတွင် ​ဒူး​အောက်ပိုင်း​ခြေ​ထောက်တစ်ဖက်ပြတ်၊ UPC အသင်း​​တော်မှ​ဆရာပါရှန်းတွင် စိုးရိမ်ရဒဏ်ရာနှင့် ကျန် ၃ ဦးတို့မှာ မစိုးရိမ်ရဒဏ်ရာတို့ရရှိခဲ့ကြပြီး ဟားခါးမြို့ပြည်သူ့​ဆေးရုံသို့ပို့ဆောင်၍ ဆေး ကုသမှုခံယူလျက်ရှိ​ကြောင်း သိရှိရပါသည်။

     မိုင်းထိခိုက်မှုမရှိသော ကျန်ရှာဖွေသူများက ဆက်လက်ရှာဖွေကြရာ ဦးချန်ကီးယန်မှာလည်း ​ယမ​န်နေ့ ညတွင်မိုင်းနင်းမိပြီး ​သေဆုံးနေသည်ကို့ တွေ့ရှိရပြီး ၎င်း၏ရုပ်အလောင်းကို နေအိမ်သို့ ပြန်လည်သယ်ဆောင်လာခဲ့ကြောင်း သတင်းရရှိပါသည်။

PAN