မုံရွာမြို့၊ဘုရားကြီးရပ်ကွက်ရှိ ငွေဇာလိူင်းစတိုးဆိုင်ကို အကြမ်းဖက် PDF များက ဓားပြတိုက်


မေ ၂၃

      ယမန်နေ့ ညနေ ၃နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ဘုရားကြီးရပ်ကွက်၊ ပွဲစားတန်းလမ်းရှိ ငွေဇာလိူင်းစတိုးဆိုင်ပိုင်ရှင် ဒေါ်အေးခိုင်၊ ၅၂ နှစ်၊(ဘ)ဦးထည် သည်ဆိုင်ဝန်ထမ်းများဖြစ်ကြသော မနွယ်နွယ်၊မမီးမီး၊မကစ်ကစ်၊မနန်းနန်းတို့နှင့်အတူ စျေးဆိုင်တွင်ရှိနေစဥ်အသက်၂၀ ခန့်ရှိသောအမျိုးသား၂ ဦးနှင့်အမျိုးသမီး၂ ဦးတို့ ဓားပြတိုက်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ အမျိုးသား၂ ဦးနှင့်အမျိုးသမီး၂ ဦးတို့သည် ငွေဇာလိူင်းစတိုးဆိုင်သို့ ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ခါအသင့်ပါလာသောဓားတိုတစ်ချောင်း၊အဝတ်ဖြင့်ပတ်ထားသောသေနတ်အရှည်တစ်လက်ကိုင်ဆောင်၍ဝင်ရောက်ကာ ဆိုင်အတွင်းရှိဆိုင်ရှင်နှင့်ဝန်ထမ်းများအားမှောက်ခိုင်းထားပြီး ကောင်တာအတွင်းရှိအံဆွဲတွင် ထည့်ထားသောငွေ ၈သိန်းကျော်နှင့် ဖုန်း ၃ လုံးတို့ကို ယူဆောင်သွားကာ ဆိုင်ကယ်ဖြင့် ပွဲစားတန်းလမ်းမှတဆင့် ကမ်းနားလမ်းဘက်သို့ မောင်းနှင်ထွက်ခွာသွားကြကြောင်းသတင်းရရှိပါသည်။

        ”ဓားပြတိုက်သွားတဲ့သူတွေက PDF တွေပါဘဲ၊ အလှူခံတာမရလို့လားမသိဘူး ဓားပြတိုက် သွားတဲ့သဘောလို့ သိရပါတယ်”ဟု အဆိုပါရပ် ကွက်နေပြည်သူများထံမှ သိရပါသည်။

      ဖြစ်စဥ်နှင့်ပတ်သက်၍ ပြစ်မူကျူးလွန်သူတရားခံများကို ဖမ်းဆီးရမိရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့က လှည့်ကင်းများနှင့်ချိတ်ဆက်ပြီးလိုက်လံစုံစမ်းရှာဖွေလျှက်ရှိကြောင်းနှင့် အမူဖွင့်လှစ်နိုင်ရေးစီစဥ်လျှက်ရှိကြောင်းသိရှိရပါသည်။

PAN


PAN