ဖျာပုံမြို့၊ဂဠုန်မင်းရွှေဆိုင်ကို ဓားပြတိုက်သူတရားခံနှစ်ဦး ထွက်ပြေးလွတ်မြောက်လျှက်ရှိရာ တွေ့ရှိသူများ နီးစပ်ရာရဲစခန်းများသို့ အကြောင်း ကြားပေးကြရန် နှိုးဆော်


မေ ၂၂

    ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင်ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့၊အမှတ် (၂) ရပ်ကွက်၊ပထမလမ်းရှိ ဒေါ်အေးအေးသက်ပိုင်ဆိုင်သော ဂဠုန်မင်းရွှေဆိုင်ကို လူ ၄ ဦး ဆိုက်ကယ် ၂စီးဖြင့်လာရောက်ကာ သေနတ် ၂ ချက်ပစ်ဖောက်ဓားပြတိုက်မှုဖြစ်ပွားခဲ့ရာ ဓားပြတိုက်သူ ၄ ဦးအနက် ဦးသောင်းလှိုင်၊ဒေါ်ညိမ်းကျေးရွာ၊ဖျာပုံမြို့နယ်နေသူနှင့် ​နောက်တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။

    အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးမှာ အောင်ကြီး၊ ၃၈ နှစ်၊(ဘ)ဦးကြည်သောင်း၊ကမန္တာကျေးရွာ၊ဒေါ်ညိမ်းကျေးရွာအုပ်စုနေသူနှင့် ဘိုဘို(ခ)ဘိုဘိုအောင်၊ ၃၇ နှစ်၊ကန်သာယာလမ်း၊ ၃ ရပ်ကွက်၊ဒေါ်ညိမ်းကျေးရွာအုပ်စု၊ဖျာပုံမြို့နေသူ တို့ဖြစ်ကြောင်း သိရှိရပြီး ၎င်းတရားခံပြေးနှစ်ဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိရာ ဖော်ပြပါဓာတ်ပုံပါ တရားခံပြေးနှစ်ဦးကို တွေ့ရှိသူ ပြည်သူများအနေဖြင့် နီးစပ်ရာ ရဲစခန်းများသို့ အကြောင်း ကြားအသိပေးအပ်ပါသည်။

PAN