အမြန်လမ်းတွင် လိုင်စင်မဲ့ မော်တော်ယာဥ် ၁စီး တိမ်းမှောင်မှုဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၁၈

ရန်ကုန် -မန္တလေးအမြန်လမ်းမိုင်တိုင်၃၅၃/၇-၃၅၄/၀ကြားတွင် လိုင်စင်မဲ့ မော်တော်ယာဥ် ၁စီး တိမ်းမှောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ နံနက် ၁၁နာရီ၅၀မိနစ်အချိန်တွင် ရန်ကုန် -မန္တလေးအမြန်လမ်း ​နေပြည်​တော်ဘက်မှမန္တလေးဘက်သို့ မောင်းနှင်လာသည့် Honda Fit (ခဲရောင်) အ​ကောက်ခွန်မဲ့/လိုင်စင်မဲ့ယာဉ်သည် ယာဉ်သွားလမ်းမှ ၂၅ ပေအကွာ မြေသားလမ်းပုခုံးတွင် ပက်လက်အနေအထား ရပ်တန့်နေသော ယာဉ်မတော် တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်တွင် ယာဥ်မောင်းနှင့် ယာဥ်ပေါ်ပါလာသူများမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိရာအမြန်လမ်းမကြီးရဲတပ်ဖွဲ့မှတရားဥပ​ဒေအရ ဖမ်းဆီးနိုင်​ရေးအမှုဖွင့်​ထားကြောင်း ၊ ၎င်းယာဥ်၌တပ်ဆင်ထား​သော နံပတ်ဖြင့် တိုးဂိတ်များတွင် ဖြတ်သန်းမှတ်တမ်းမရှိသည့်အတွက် တရားမဝင် လမ်း​ကြောင်းများမှ အမြန်လမ်း​သို့ ဝင်​ရောက်ခဲ့​ကြောင်း​ သိရသည်။

Telegram – t.me/positiveanglenews

#PAN