
(မှုခင်း) စက်တင်ဘာ ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နန့်စန်မြို့နယ်၊ ကုန်းယောင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိကြောင်း သ်ိရသည်။
စက်တင်ဘာ၁၇ရက်နေ့ နံနက် ၉ နာရီခန့်တွင် နန့်စန်မြို့နယ်၊ ကုန်းယောင်ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၁၅၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦး အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း ၅၀ ဦးတို့အား အလျား ၆၀ ပေ၊ အနံ ၂၀ ပေ၊ အလုပ်ရုံ (သက်ကယ်မိုး/အုတ်ကာ) အဆောက်အအုံ ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၂၀ ပေ၊ အလုပ်သမားတန်းလျား (သက်ကယ်မိုး/ပျဉ်ကာ) အဆောက်အအုံ ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ လူနေဆောင် (သွပ်မိုး/အုတ်ကာ) အဆောက်အအုံ ၂ လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ (သွပ်မိုး/သွပ်ကာ) စားချက်ဆောင် ၁ လုံး၊ Star Link ၂၀ စုံ၊ Laptop ၂၅ လုံး၊ ALL In One Computer ၂ဝ လုံး၊ ဖုန်းမျိုးစုံ ၂၁၇ လုံး၊ System ပုံး ၉ လုံး၊ Printer ၂ လုံး၊ ရေခဲသေတ္တာ ၁ လုံး၊ Freezer ၁ လုံး၊ ထိုင်ခုံမျိုးစုံ ၅၀ လုံး၊ မီးစက် (အကြီး) ၁ လုံး၊ အလျား ၃ ပေ၊ အနံ ၆ ပေ စားပွဲ ၁၅ လုံး၊ ပန်ကာ ၄ လုံးတို့နှင့် အတူဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။