(မှုခင်း) စက်တင်ဘာ ၁၈
ရန်ကုန် -မန္တလေးအမြန်လမ်းမိုင်တိုင်၃၅၃/၇-၃၅၄/၀ကြားတွင် လိုင်စင်မဲ့ မော်တော်ယာဥ် ၁စီး တိမ်းမှောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ နံနက် ၁၁နာရီ၅၀မိနစ်အချိန်တွင် ရန်ကုန် -မန္တလေးအမြန်လမ်း နေပြည်တော်ဘက်မှမန္တလေးဘက်သို့ မောင်းနှင်လာသည့် Honda Fit (ခဲရောင်) အကောက်ခွန်မဲ့/လိုင်စင်မဲ့ယာဉ်သည် ယာဉ်သွားလမ်းမှ ၂၅ ပေအကွာ မြေသားလမ်းပုခုံးတွင် ပက်လက်အနေအထား ရပ်တန့်နေသော ယာဉ်မတော် တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်တွင် ယာဥ်မောင်းနှင့် ယာဥ်ပေါ်ပါလာသူများမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိရာအမြန်လမ်းမကြီးရဲတပ်ဖွဲ့မှတရားဥပဒေအရ ဖမ်းဆီးနိုင်ရေးအမှုဖွင့်ထားကြောင်း ၊ ၎င်းယာဥ်၌တပ်ဆင်ထားသော နံပတ်ဖြင့် တိုးဂိတ်များတွင် ဖြတ်သန်းမှတ်တမ်းမရှိသည့်အတွက် တရားမဝင် လမ်းကြောင်းများမှ အမြန်လမ်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN