လေဖြန်းနေသည့် အစ်မအား မောင်ဖြစ်သူမှ ထိုးကြိတ်ရိုက်နှက်သဖြင့် သေဆုံး

(မှုခင်း) စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၌ အမျိုးသမီးတစ်ဦးကိုသတ်ဖြတ်၍ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ခဲ့သူအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
ဩဂုတ် ၂၈ ရက် ညနေပိုင်းတွင် ဒေါ်သန်းသန်းနုသည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဆရာစံတောင် ရပ်ကွက် မင်္ဂလာသိဒ္ဓိလမ်းနှင့် ဓမ္မပါလလမ်းထောင့်ရှိ တိုက်အမှတ် (၄၅) ပထမထပ်နေ သူငယ်ချင်းဖြစ်သူ ဒေါ်ခင်မိုးကြည် (၅၄) နှစ်၏ အခန်းသို့သွားရောက်၍ တံခါးအရှေ့မှ ဒေါ်ခင်မိုးကြည်အားခေါ်ခဲ့ရာ ခေါ်မရသဖြင့် အိမ်နီးချင်းများနှင့်အတူ အခန်း၏ သံပန်းတံခါးအားဖျက်၍ ဝင်ရောက်ကြည့်ရှုစဉ် အခန်းပေါက်ဝ ဘုရားခန်းရှေ့၌ ဒေါ်ခင်မိုးကြည်မှာ ထိုးသွင်းဒဏ်ရာသုံးချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သတင်းပေးပို့တိုင်တန်းချက်အရ ဗဟန်းမြို့မရဲစခန်း (ပ) ၂၆၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
 
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ နယ်မြေသတင်းရယူ စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁ ရက် ညပိုင်းတွင် လူသတ်မှု ကျူးလွန်သူ တရားခံ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက်နေ ဉာဏ်စိုး (၂၀) နှစ်အား မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် (၆) ရပ်ကွက်ရှိ The Waiting Lodge Hotel အခန်းအမှတ် B-06 ၌ ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။