(မှုခင်း) အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ကျေးရွာတစ်ရွာမှ အခြားကျေးရွာတစ်ရွာသို့ ဆိုင်ကယ်ဖြင့် သွားလာနေသည့် မူလတန်းပြဆရာမ သုံးဦးကို PDF အဖွဲ့ဝင်ငါးဦးက ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ပုပ်ပါးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမ ဒေါ်ခင်မာဝေ (၆၀ နှစ်)၊ ဒုတိယမူလတန်းပြဆရာမ ဒေါ်နီနီဝင်း (၃၀ နှစ်) နှင့် လက်ထောက်မူလတန်းပြဆရာမ ဒေါ်အိဇင်သော် (၃၀ နှစ်) တို့သည် ပုပ်ပါးကျေးရွာမှ ဘုံမြို့ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် အဆိုပါအဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်မှုကို ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခံရသူများကို ပြန်လည်ကယ်တင်နိုင်ရေးနှင့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Telegram – t.me/positiveanglenews
#PAN