စဉ့်ကူးမြို့နယ်တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၊ ဆိုင်ကယ်မောင်းသူ သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

(မှုခင်း) အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်းပေါ်တွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူ သေဆုံးပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က စဉ့်ကူးမြို့နယ်၊ ရေပြာအိုင်ကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် ၅၂ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရှောက်ပင်ရိုးကျေးရွာမှ လက်ပန်လှကျေးရွာဘက်သို့ မောင်းနှင်လာသည့် TOYOTA TOWNACE မော်တော်ယာဉ်နှင့် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် KENBO 125 မော်တော်ဆိုင်ကယ်တို့သည် အခင်းဖြစ်နေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ ဦးမောင်ညို (ခ) ဦးဘော (၅၀ နှစ်) သည် ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် ဒေါ်နှင်းသက်ဆွေ (၃၂ နှစ်) တွင်လည်း ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ မော်တော်ယာဉ်မောင်းသူ ဦးရဲဝင်း (၃၄ နှစ်) နှင့် ဆိုင်ကယ်မောင်းသူ ဦးမောင်ညို (ခ) ဦးဘောတို့ကို လက်ပန်လှနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Telegram – t.me/positiveanglenews

#PAN