(ပြည်တွင်း) အောက်တိုဘာ ၁၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဘွီးကျေးရွာတွင် နေအိမ်အတွင်းရှိနေသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နေအိမ်အနီး လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် ညနေ ၆ နာရီခန့်က ကော့ဘွီးကျေးရွာနေ ဒေါ်ခင်ထွေးသည် ၎င်း၏နေအိမ်၌ ရှိနေစဉ် နေအိမ်အနီးသို့ လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ပေါက်ကွဲမှုကြောင့် ဒေါ်ခင်ထွေးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ညနေ ၆ နာရီ ၁၅ မိနစ်တွင် ကျိုက်မရောမြို့နယ် တိုက်နယ်ဆေးရုံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါလက်နက်ကြီးဗုံးသီးကို မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ဆိုသည့်အချက်ကို သက်ဆိုင်ရာက စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN