YMBA ဗဟိုအတွင်းရေးမှူးအား ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် တရားခံ ၄ ဦးစလုံးကို ဖမ်းဆီးရမိ

(မှုခင်း) ဩဂုတ် ၂၆

ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ဗဟိုအတွင်းရေးမှူးအား ဝိုင်းဝန်းရိုက်နှက် ရမ်းကားခဲ့သည့် တရားခံ ၄ ဦးစလုံးကို သက်ဆိုင်ရာ လုံခြုံရေးရဲတပ်ဖွဲ့က အချိန်တိုအတွင်း စုံစမ်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ YMBA ဗဟိုအတွင်းရေးမှူးဖြစ်သူအား ကြိုးသုတ် ဝိုင်းဝန်းရိုက်နှက် ရမ်းကားမှု ပြုလုပ်ခဲ့သူများကို အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် သဲလွန်စများ ရှာဖွေစုံစမ်းခြင်းနှင့် နယ်မြေရှင်းလင်း စုံစမ်းမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ အနီးကပ် စုံစမ်းဖော်ထုတ်မှုများကြောင့် ဖြစ်စဉ်တွင် တိုက်ရိုက်ပါဝင် ကျူးလွန်ခဲ့သည့် တရားခံ ၄ ဦးစလုံးကို သက်ဆိုင်ရာ နယ်မြေအတွင်း အချိန်တိုအတွင်း ရှာဖွေဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် တရားခံ ၄ ဦးအား သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် တရားစွဲဆို တင်ပို့နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။