ချောင်းဦးက ရဟန်းတစ်ပါးကို PDFတွေက ဖမ်းဆီးညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်

(မှုခင်း) သြဂုတ် ၂၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက PDF တွေထိန်းချုပ်ထားဆဲ ကျေးရွာတစ်ရွာက ဆရာတာ်တစ်ပါးကို  ဒလန် လို့စွပ်စွဲကာ ဖမ်းဆီးညှင်းပမ်းနှိပ်စက်ကာ သတ်ဖြတ်လိုက်ကြတယ်လို့ သိရပါတယ်။

PDF အကြမ်းဖက် တွေဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်လိုက်တဲ့ဆရာတော်ဟာ ချောင်းဦးမြို့နယ် ရွှေဒါးကျကျေးရွာမှာရှိတဲ့ ရွှေသိမ်တော်ကျောင်းတိုက် ဆရာတော် အရှင်ဣန္ဒာစာရ (သက်တော် ၅၂ နှစ်၊ ဝါတော် ၃၄ ဝါ) ဖြစ်တယ်လို့ သိရှိရပါတယ်။

ဆရာတော်ဟာ ၁၉ ရက် မနက်နှစ်နာရီလောက်က ဖမ်းခံရတာဖြစ်ပြီး  ဩဂုတ်လ ၂၅ ရက်နေ့မှာတော့ ညှင်းပန်းနှိပ်စက်ပြီး ညှင်းပန်းနှိပ်စက်ထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ သိရပါတယ်။

နှိပ်စက်ခံရတဲ့ဒဏ်ရာများနဲ့ ပျံလွန်တော်မူခဲ့တဲ့ ဆရာတော် အရှင်ဣန္ဒာစာရ ရဲ့ရုပ်အလောင်းကို၏ သွားရောက်သယ်ဆောင်တဲ့ဒေသခံတွေကတော့ ဆရာတော်ဟာ ၂၄ ရက်နေ့ ညပိုင်းက ပျံလွန်တော်မူထားတယ်လို့ခန့်မှန်းထားပြီး ဆရာတော်ရဲ့ လက်သည်းတွေကို ပလာယာတွေနဲ့ နှုတ်ထားတာ၊ မီးစထိုးခံရတာတွေ၊ ရိုက်ထားတဲ့အရှိုးရာတွေလည်းတွေ့ရတယ်လို့ ပြောဆိုထားကြပါတယ်။

#PAN