
(မှုခင်း) ဩဂုတ် ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာနေ အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးသည် လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၂ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာနေ ဦးသက်ဦး (၄၃ နှစ်) သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် နေအိမ်အနီးသို့ လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်ကြောင့် ဦးသက်ဦးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်းအား ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရရှိသဖြင့် ကင်မွန်းချောင်းတိုက်နယ်ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ပြီး ဖြစ်စဉ်အခြေအနေကို စိစစ်ခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများ၏ စိစစ်ချက်အရ အဆိုပါလက်နက်ကြီးဗုံးသီးသည် PDF အမည်ခံအဖွဲ့များက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။