မင်းဘူး-မကွေးကားလမ်းတွင် ယာဉ်တစ်စီး ချောက်ထဲကျ၊ အမျိုးသားတစ်ဦး သတိမေ့ဒဏ်ရာရ

(ပြည်တွင်း) ဩဂုတ် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မင်းဘူး-မကွေးကားလမ်း၊ ရှုခင်းသာ၏ တောင်ဘက် မိုင်တိုင်အမှတ် (၁/၂) အနီးတွင် ဩဂုတ် ၂၃ ရက် ညနေ ၆ နာရီခွဲခန့်က ယာဉ်တစ်စီး ချောက်ထဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်သတင်းရရှိသဖြင့် မင်းဘူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်တစ်စီးဖြင့် သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး သတိမေ့နေသဖြင့် မင်းဘူးမြို့နယ် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မင်းဘူးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။