စဥ့်ကိုင်းတွင် စက်လှေတိမ်းမှောက်မှုကြောင့် အမျိုးသမီး၁ ဦး သေဆုံး

(မှုခင်း) သြဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊စဉ့်ကိုင်မြို့နယ်မြောက်ကိုင်းကျေးရွာတွင် ယနေ့နံနက်က ရွာသားများမောင်းနှင်းလာသောစက်လှေမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

စက်ခလှတိမ်းမှောက်မှုကြောင့် ကလေးငယ်တစ်ဦးအပါဝင် စက်လှေပါ ရွာသား(၅)ဦးအားအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း မဏိစလ လူမှုကူညီရေးအသင်းမှ သိရသည်။

ထို့နောက် စိုးရိမ်ရအမျိုးသမီး ၁ဦးနှင့် သေဆုံးသူ အမျိုးသမီး ၁ဦး၏ရုပ်အလောင်းအား မဏိစလ လူမှုကူညီရေးအသင်းယာဥ်ဖြင့်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews

#PAN