(မှုခင်း) သြဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဖျောက်ဆိပ်ကုန်းရပ်ကွက်၊ (၆၈)လမ်း၊ (၁၄၆)(A)ထောင့်တွင် ဩဂုတ်လ ၄ရက် ည ၇နာရီ ၃၆မိနစ် အချိန်ခန့်က ခရီးသယ်တင်ယာဉ်(၁)စီးမီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်သည့်နေရာသို့ အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြပြီး ည ၇နာရီ၅၆မိနစ် အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။