ညောင်ဦးမြို့နယ် အကြမ်းဖက် PDF များက ကျေးရွာအုပ်ချုပ်ချုပ်ရေးမှုးနှင့် ကျေးရွာသား ၄ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

(မှုခင်း) ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်၊စည်ပင်သာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသား ၄ဦးအား အကြမ်းဖက်PDFအဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ဇူလိုင်လ ၂၄ရက်နေ့ နံနက်၆နာရီခွဲအချိန်ခန့်တွင် ညောင်ဦးမြို့နယ်၊ တောင်ဘီရွာမကျေးရွာ၌ ဦးကျော်နိုင်ဦး (စည်ပင်သာကျေးရွာအုပ်စု အုပ် ချုပ်ရေးမှုး)နှင့် ​ကျေးရွာသား ၄ ဦးတို့ ကုန်စုံဆိုင်တွင် ထိုင်၍စကား ပြောနေစဉ် အကြမ်းဖက် PDF ၆ဦး ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး သေနတ် ၃ လက်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ညောင်ဦးမြို့နယ်၊စည်ပင်သာကျေး ရွာ အုပ်ချုပ်ရေးမှုး အပါအဝင် အရပ်သား ၄ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်း ဖက် PDF များသည် တောင်ဘက်သို့ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်PDFအဖွဲ့၏ ပစ်ခတ်မှု​ကြောင့်
ဦးကျော်နိုင်ဦး၊၄၈နှစ်၊စည်ပင်သာ အုပ်ချုပ်ရေးမှုး၊နဖူးဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဦးသက်လွင်ဦး၊၃၅နှစ်၊ လည် ပင်း ဖောက်ဝင်ဒဏ်ရာ ၁ချက် ၊ ဦးကျော်ဝင်းသူ၊၃၆နှစ်၊ယာဘက်ရင်အုံ ဖောက်ဝင် ဒဏ်ရာ ၁ချက် ၊ ဦးမင်းထွန်း၊၄၁နှစ်၊ဝမ်းဗိုက်ဖောက်ဝင် ဒဏ်ရာ ၁ချက်ဖြင့် သေဆုံးခဲ့ပြီး ဦးအောင်မျိုးသက်၊ယာပါး ပေါက်ပြဲဒဏ်ရာ ၁ချက်၊ဝဲ-လက် ဖျံရိုးကျိုးဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းသိရသည်။

အခင်းဖြစ်နေရာအနီးတစ်ဝိုက်နှင့် အကြမ်းဖက် PDF များ ထွက်ခွာသွားသည့်လမ်းကြောင်းတစ်လျှောက်အား တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram -t.me/positiveanglenews

PAN