(မှုခင်း) ဇူလိုင် ၂၄
ဇူလိုင် ၂၄ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၆၆/၀ နှင့် ၆၆/၁ ကြား (နေပြည်တော်မှ ရန်ကုန်သို့ ဦးတည်သည့် အပြန်လမ်း)တွင် ယာဉ်မတော်တဆမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား (၄) ဦး၊ အမျိုးသမီး (၃) ဦး စုစုပေါင်း (၇) ဦး လိုက်ပါလာသည့် Toyota Land Cruiser အဖြူရောင်ယာဉ်သည် မောင်းနှင်နေစဉ် ရှေ့ဝဲဘက်ဘီး ပေါက်ကွဲသွားရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ တက်ရောက်၍ တစ်စောင်းတိမ်းမှောက် ရပ်တန့်ခဲ့ခြင်းဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း ယာဉ်ပျက်စီးမှုအချို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများအနေဖြင့် လမ်းပေါ်ထွက်မီ မိမိယာဉ်၏ ကြံ့ခိုင်မှုကို သေချာစွာ စစ်ဆေးရန်လိုအပ်ကြောင်း သတိပေးထားသည်။
ထို့ပြင် အမြန်လမ်းတွင် အိမ်စီးယာဉ်များအတွက် အများဆုံးမောင်းနှင်နှုန်းကို တစ်နာရီလျှင် ၁၀၀ ကီလိုမီတာ၊ ကုန်တင်ယာဉ်နှင့် ပစ်ကပ်ယာဉ်များအတွက် တစ်နာရီလျှင် ၆၀ ကီလိုမီတာသာ မောင်းနှင်ကြရန် လိုက်နာဆောင်ရွက်ကြရန် အသိပေးထားကြောင်း သိရသည်။
#Telegram – t.me/positiveanglenews
#PAN