(ပြည်တွင်း) အောက်တိုဘာ ၁၄
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအောင်ကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြောင်းလဲတာဝန်ပေးအပ်မှုကို နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၈၁/၂၀၂၆ ဖြင့် အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ယခင်ပြည်ထောင်စုဝန်ကြီးမှာ ဦးမြထွန်းဦးဖြစ်ပြီး ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့၌ အဆိုပါဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသူဖြစ်သည်။
ယခုကဲ့သို့ ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၂ တို့အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမိန့်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN