ဘီးလင်း မြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိ

(မှုခင်း)အောက်တိုဘာ ၁၄

မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အောက်တိုဘာ ၁၃ ရက်ည ၈ နာရီခွဲအချိန်တွင် ဘီးလင်းမြို့နယ်၊ အလူးအနောက်ရွာကြီးကျေးရွာအတွင်းသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးမောင်မြ(၆၆)နှစ်၊ ဒေါ်မိလှ(၅၅)နှစ်၊ မချစ်စုဝေ(၂၂)နှစ်၊ ဦးလင်းထိန်(၅၀)နှစ်၊ မောင်ဖုန်း(၄)နှစ်၊ ဦးညိုစိမ့်(၆၂)နှစ်၊ ဒေါ်မိချို(၆၀)နှစ်၊ ဒေါ်နော်ဖော(၃၆)နှစ်နှင့် မဆောင်းသဇင်ချစ်(၁၃)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုံးသီးပေါက်ကွဲစ ထိမှန်၍ ထိခိုက်ဒဏ်ရာရရှိထားသူများအား မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိထားကြောင်း သိရသည်​။

Telegram – t.me/positiveanglenews

#PAN