(မှုခင်း)အောက်တိုဘာ ၁၅
ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၇၇/၄တွင် LIGHT TRUCK ယာဥ်အား ခရီးသည်ယာဥ်မှ နောက်မှ ဝင်တိုက်မိသဖြင့် ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၄ရက် မွန်းလွဲ၂နာရီခွဲအချိန်က ရန်ကုန် -မန္တလေးအမြန်လမ်းတွင် ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်းပါ အမျိုးသား ၁ဦး ၊အမျိုးသမီး ၁ဦး စုစုပေါင်း ၂ဦးလိုက်ပါလာသည့်NAY MIN MYANMAR LIGHT TRUCK အမျိုးအစား အဖြူရောင်ယာဉ်သည် လက်ယာဖက်ယာဥ်ကြောအတိုင်းမောင်းနှင်နေစဉ် လားရာတူ အနောက်မှ လာသော ယာဉ်မောင်းပါ ခရီးသည်၂၂ဦး လိုက်ပါလာသည့် 3N-9841 YUTONG အမျိုးအစား နီ/ဝါ/ကြား ဂန္ထဝင် ခရီးသည်တင်ယာဉ်ကအရှိန်မထိန်းနိုင်ဘဲ အနောက်မှတိုက်မိခဲ့သည်။
အဆိုပါယာဥ်တိုက်မှုကြောင့် LIGHT TRUCK ယာဉ်ပေါ်ပါလာသူ ၂ဦးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး Guard Rail တန်း(၂)ခန်း ပျက်စီးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN