DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ လုပ်ဆောင်ခဲ့သည့် ခရီးသည်(၄)ဦးအား အမှုဖွင့်အရေးယူထားရှိ

(မှုခင်း) ဇူလိုင် ၂၄

အမှတ်(၃)အဆန် ရန်ကုန်-မန္တလေး DEMU ရထား ပေါ်တွင် စည်းကမ်းမဲ့ လုပ်ဆောင်ခဲ့သည့် ခရီးသည်(၄)ဦးအား အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

ဇူလိုင်လ ၂၁ရက်နေ့ နံနက်၁၁နာရီခွဲအချိန်တွင် ပျဉ်းမနားဘူတာသို့ ဆိုက်ရောက်လာသည့် အမှတ်(၃)အဆန် ရန်ကုန်-မန္တလေး DEMU ရထား အထက်တန်းတွဲ(၁)၊ ခုံအမှတ် 36, 3B, 44, 4B တွင် လိုက်ပါစီးနင်းခဲ့ကြသည့် အမျိုးသမီး(၄)ဦးတို့သည် ရထားပေါ်၌ ကျယ်လောင်စွာ စကားပြောခြင်း၊ ကွမ်းစားပြီးကွမ်းယာပြင်ဆင်ခြင်း၊ ထိုင်ခုံအစွပ်များတွင် ကွမ်း၊ ထုံးနှင့် ကွမ်းတံတွေးများအား ပေကျံစေခြင်း၊ပတ်ဝန်းကျင်အား ညစ်ပတ်အောင်ပြုလုပ်ခြင်းများအပြင် ကွမ်းတံတွေး ထည့်ထားသည့် ဘူးများကိုလည်း မန္တလေးဘူတာ ရောက်ရှိပြီး ရထားပေါ်မှဆင်းသည့်အချိန်ထိ မရှင်းလင်းဘဲ ထားခဲ့သည်။

ထို့ပြင် ရထားဝန်ထမ်းများမှ တွေ့မြင်ခဲ့သော်လည်း တားမြစ်ခြင်း၊ သတိပေး ခြင်းမျိုးမရှိ ခဲ့ကြောင်း၊ စည်းကမ်းဖောက်ဖျက်သူများအား မြန်မာ့မီးရထားတာဝန်ရှိသူတွေ အနေဖြင့် အရေး ယူပေးစေလိုကြောင်း Khin Maungအမည်ဖြင့် Tik Tok အကောင့်တွင် ရေးသားဖော်ပြပါရှိလာ ခဲ့မှုအပေါ် ရထားရဲတပ်ဖွဲ့မှ စုံစမ်းခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က အမှတ် ၃/အဆန် ရန်ကုန်-မန္တလေး DEMU ရထား အထက်တန်းတွဲ(၁)၊ ခုံအမှတ် 3A, 3B,4A, 4B တွင် လိုက်ပါစီးနင်းခဲ့ကြသည့်အမျိုးသမီး ၄ ဦးတို့မှာ ပျဥ်းမနားမြို့ ရွာကောက်ရပ်ကွက်၊ ဦးကျေးရွာတွင်နေထိုင်သူများဖြစ်သည့် မခင်မာလွင် ၅၉နှစ်၊ (ဘ)ဦးတင့်လွင်၊ အိန္ဒိယ+ ဗမာ/ အစ္စလာမ်၊၊မဖြူဖြူလွင် ၅၇ နှစ်၊ (ဘ) ဦးတင့်လွင်၊ ဗမ၁၊ အစ္စလာမ်၊ ၊မသန်းသန်းထွေး ၄၈ နှစ်၊ (ဘ)ဦးဘိုစံ၊ ဗမာ၊ အစ္စလာမ်၊ ဒေါ်ခင်သန္တာအောင် ၅၈ နှစ်၊(၁၁)ဦးအောင်မြင့်၊ အိန္ဒိယ+ဗမာ အစ္စလာမ်တို့ဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မခင်မာလွင် ပါ (၄)ဦးတို့အ၁း ဇူလိုင်လ၂၃ရက်နေ့ ညနေ၅နာရီခွဲ အချိန်တွင် ပျဉ်းမနားဘူတာ ရုံပိုင်မှ ပျဉ်းမနားမြို့မရဲစခန်း၌တရားလိုပြု လုပ်တိုင်တန်းခဲ့ရာ ပျဉ်းမးမြို့မရဲစခန်း၏ (ပ)အမှတ် ၂၃၃/၂၁၂၆၊ ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေ ပုဒ်မ ၈၈(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN