တာချီလိတ်တွင် ကားတစ်စီးမှ အရှိန်လွန်ကာ လျှပ်စစ်ဓတ်တိုင်ကို ဝင်ရောက်တိုက်

(မှုခင်း) ဇူလိုင် ၂၃

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ကားတစ်စီးမှ အရှိန်လွန်ကာ လျှပ်စစ်ဓတ်တိုင်ကို ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည် ။

ဇူလိုင်လ ၂၃ ရက်နံနက် ၁၀ နာရီကျော်အချိန်ခန့်က တာချီလိတ်မြို့နယ်၊ တာချီလိတ်-ကျိုင်းတုံ အမှတ် (၄) လမ်းမကြီးအပိုင်းရှိ၊ မယ်ဟုတ်ကျေးရွာ၊ Bright Star Future မူကြိုကျောင်းအနီးတွင် အရှိန်လွန်မောင်းနှင်လာသည့် ကားတစ်စီးသည် လမ်းဘေးရှ ဓာတ်တိုင်အား ဝင်ရောက်တိုက်မိခဲ့ရာ ဓာတ်တိုင်မှာ ကျိုးပျက်ခြင်းဖြစ်ပွားခဲ့ပြီး မော်တော်ယာဥ်သည် လည်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ဓာတ်တိုင်အသစ်အစားထိုးစိုက်ထူလံလှယ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများဆောင်ရွက် မည်ဖြစ်သဖြင့် နံနက် ၁၁နာရီခွဲမှ မွန်းလွဲ ၂ နာရီအချိန် ထိ ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်စဉ် ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာအုပ်စု၊ စစ်ဗျူဟာ၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်များနှင့် လွယ်တော်ခမ်းကျေးရွာအုပ်စုတို့ထိအချိန်ပိုင်းဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးဦး ဆောင်ကော်မတီ( လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)မှ အသိပေးထားကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN