(မှုခင်း) နိုဝင်ဘာ ၄
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၂၇/၀ တွင် ယနေ့ နိုဝင်ဘာ ၄ ရက် နံနက် ၁ နာရီ ၅ မိနစ်ခန့်က နာရေးယာဉ်တစ်စီး နောက်ယာဘက်ဘီးပေါက်ပြီး လမ်းလယ်ကျွန်းရှိ Road Curb တုံးများကို ဝင်တိုက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးမှ နေပြည်တော်သို့ မောင်းနှင်လာသည့် အပြန်လမ်း၊ မိုင်တိုင် ၂၂၇/၀ အရောက်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦးနှင့် ကွယ်လွန်သူ အမျိုးသမီး၏ ရုပ်အလောင်း ၁ လောင်း၊ စုစုပေါင်း ၄ ဦး လိုက်ပါလာသော Super Custom နာရေးယာဉ် HSE-852 သည် နောက်ယာဘက်ဘီးပေါက်ကာ လမ်းလယ်ကျွန်းရှိ Road Curb တုံးများကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၃ ဦးမှာ ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN