(မှုခင်း) ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော် အိမ်ကြီးလမ်းမကြီးရှိ တိုက်ခန်းတစ်လုံး၏ မြေညီထပ် လှေကားဝင်ပေါက်တွင် အမျိုးသားတစ်ဦး သံပန်းဘာဂျာတံခါးအကြား လည်ပင်းညှပ်မိကာ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်တွင် ဇူလိုင်၂၂ရက်နေ့ ညပိုင်းက တိုက်ခန်း၏အပေါ်ဆုံးထပ်တွင် နေထိုင်သူသည် တိုက်ခန်းသော့ကျန်ခဲ့သဖြင့် အပြင်ဘက်ရှိ သံပန်းတံခါးကြားမှ ကျော်ဝင်ရန် ကြိုးပမ်းစဉ် လည်ပင်းညှပ်မိခဲ့ခြင်းဖြစ်နိုင်ကြောင်း ယနေ့ နံနက်အစောပိုင်းကမှ သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းအရ သိရသည်။

အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းကို ကိုပူတူးနှင့် ဘော်ဒါများအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း ၊ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram….
https://t.me/positiveanglenews